အပိုင်း(၂၅)
Restaurantကနာမည်ကြီး restaurantဖြစ်တာကြောင့် အရင်နေ့တွေကလူနည်းသယောင်ထင်ရပေမယ့်ဒီနေ့ကျမှလူများနေဟန်ရှိသည်။
"ဒီနေ့လူရှုပ်နေသလိုပဲ။"
"အင်းးးဟုတ်တယ်။"
ခွန်းကအေးအေးဆေးဆေးပင်ပြုံးပြုံးလေးပြန်ဖြေလိုက်တာကြောင့် မျက်ခုံးပင့််ပြီးကြည့်မိသည်။
"Honey... ဘာလုပ်ထားတာလဲ"
"ဘာမှလုပ်မထားပါဘူး သတင်းထောက်လေး သုံး လေးယောက် ငါးယောက်လောက်ခေါ်ထားရုံပဲ။"
"ဟမ်..."
"ကြည့်နေ မနက်ဖြန်ကျရင် ခွန်းတို့သတင်းကသတင်းစာမျက်နှာဖုံးကနေ ခေါင်းစဥ်ကြီးကြီးနဲ့ပါလာလိမ့်မယ်။"
သူ လုပ်ချင်ရာလုပ်ပြီး ပျော်နေတာပါ။
ကျွန်တော်နဲ့ပထမဆုံး အတူတူလက်တွဲပြီး
သွားရမယ့်နေရာမို့ အကွက်ကျကျကိုစီစဥ်ထားပုံရသည်။"အဟွင်းအဟင်း"
နေရင်းထိုင်ရင်းအထာကျကျချောင်းထဆိုးတဲ့ခွန်းကြောင့် ဘာလုပ်ရမလဲဆိုတာကိုတန်းသိ၏။
လှိုင်းက တံတောင်ဆစ်လေးကို ကွေးပေးလိုက်တော့ ခွန်းရဲ့လက်လေးက အလိုက်သင့်လေးလျှိူဝင်လာသည်။
"ဒီလက်ကငါပိုင်တယ်မလား"
"ကိုယ့်ရဲ့တစ်ကိုယ်လုံးကမင်းအပိုင်ပဲ။"
ထိုသို့ပြောလိုက်မှကျေနပ်သွားသည့်ဟန်ဖြင့်ပြုံးလိုက်၏။
Restaurant တံခါးကိုဖွင့်ဝင်ဝင်ချင်းမှာပဲ အားလုံးရဲ့အကြည့်က လှိုင်းခက်ထန်နဲ့တက်နေခွန်းတို့ဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာ၏။
ဆိုင်ရဲ့လူမြင်သူမြင်အလယ်ကျကျနေရာမှာပြင်ထားသော စားပွဲမှာထိုင်နေသောမိုးစက်ပွင့်။
"ကိုလှိုင်း~~~တစ်ယောက်ထဲလာမယ်ထင်တာ။"
"အလုပ်အားတာနဲ့လိုက်လာတာ တစ်ခါတစ်လေကိုယ့်ခင်ပွန်းရဲ့အလုပ်လေးတွေလည်းကူရဦးမယ်မလား။"
ခွန်းရဲ့တောက်ပနေသောအပြုံးတွေကြောင့် မိုးစက်ပွင့်ကမှင်သက်နေသော်လည်း လှိုင်းခက်ထန်ကတော့သဘောတွေကျနေ၏။