အပိုင်း(16)

8.6K 667 9
                                    

အပိုင်း(၁၆)

လှိုင်းအိမ်ပြန်ရောက်ရောက်ချင်းခွန်းရှိရာအပေါ်ထပ်တက်ပြီးအခန်းထဲဝင်ခဲ့ပေမယ့်လစ်ဟင်းနေသောအိပ်ရာပြင်သာတွေ့ခဲ့သည်။

"ဟာကွာ!!!ပြောထားခဲ့သားနဲ့"

တံခါးကိုစောင့်ပိတ်ပြီးအောက်ထပ်ပြန်ဆင်းလာလိုက်သည်။

"ဟဲ့...ဘာတုန်းဘာဖြစ်နေတာလဲ"

"မာမီခွန်းအပြင်ထွက်သွားသေးလား"

"အေး။ခုနကပဲထွက်သွားတယ်။"

"ဘယ်သွားမယ်ပြောသွားလဲ။"

"ဘယ်သိမလဲဟေ။အလုပ်ရှိလို့သွားတာနေမှာပေါ့။ခွန်းကနင့်လိုအလုပ်မရှိအကိုင်မရှိမဟုတ်ဘူး။"

ကိုယ့်အမေလို့မပြောရဘူးတစ်ခါမှသားဘက်ကနေပါမယ်ဆိုတာမရှိ။

ဖုန်းခေါ်တော့လည်းပြန်လည်ဖြေကြားခြင်းမရှိတဲ့။

"တောက်"

"ဒယ်ဒီဘာတွေစိတ်တိုနေတာလဲဟင်"

"ကလေးတွေလာလာဖွားဖွားဆီလာ။ အဲ့ဘီလူးဆီမသွားနဲ့"

မာမီဘာပြောပြောအရေးမစိုက်နိုင်တော့ပဲ ခွန်းကိုရှာဖို့ရန်သာဦးတည်လိုက်သည်။

...........................................................................

ဟိုတယ်ဝင်ပေါက်ရောက်တော့ဦးခိုက်ကရောက်နှင့်ပြီးသားမို့ခွန်းကိုထွက်ကြိုလာသည်။

"ခွန်းနေမကောင်းဘူးလား"

"ကောင်းပါတယ်"

ခွန်းလမ်းလျှောက်တာကနည်းနည်း ယိုင်တိုင်တိုင်နဲ့တဲ့တဲ့။ အဖြူရောင်ဖြစ်တော့မယ့် နှုတ်ခမ်းတွေကြောင့်ခွန်းနေမကောင်းတာများလားဟု သံသယဝင်မိခြင်း။

ခွန်းကဦးခိုက်ရဲ့မျက်စောင်းထိုးစားပွဲမှာဝင်ထိုင်လိုက်ပြီးဒီဇိုင်နာအလာကိုစောင့်နေလိုက်သည်။

လောလောဆယ်မှာခွန်းကတစ်စားပွဲ ဦးခိုက်ကတစ်စားပွဲဖြစ်နေပေမယ့် မကြာမီဒီဇိုင်နာဆိုသူကရောက်လာပြီးဦးခိုက်ရှိသောစားပွဲတွင်ဝင်ထိုင်လိုက်သည်။။

ဒီနေ့‌တော့ ခွန်းသူ့မျက်နှာကောင်းကောင်းမြင်ရပြီလေ။ ထိုသူကခွန်းနဲ့မျက်စောင်းထိုးမှာခွန်းဘက်ကိုလှည့်ပြီးဝင်ထိုင်လိုက်တာကြောင့်။

ခြွင်းချက်မရှိ(complete)Where stories live. Discover now