အပိုင်း(၂၄)
"မဟုတ်ဘူး။ ကျွန်တော်အချစ်ဆုံး
တန်ဖိုးအထားရဆုံးဇနီးတစ်ယောက်အနေနဲ့ပြန်ခေါ်ချင်တယ်။""သေချာလို့လား"
"လုံးဝသေချာပါတယ်။"
"မင်း ခွန်းအကြောင်းတွေကို မသိသေးတာတွေရှိသေးတယ် လှိုင်းခက်ထန်.....ငါပြောပြမယ်။ ပြီးရင်သေချာဆုံးဖြတ်ပေး။ မင်းပြောတဲ့စကားကအတည်တော့ဖြစ်ပစေ။"
"ဟုတ်။"
...........................................................................
"အကိုလေးရေ ထမင်းစားဖို့ခေါ်ခိုင်းလိုက်လို့။"
"အွင်း.....လာခဲ့မယ်။"
တစ်ညလုံး အတွေးပေါင်းစုံနဲ့အိပ်မထားရသေးတာကြောင့် အိပ်ဆေးသောက်ပြီးတစ်နေကုန်အိပ်နေမိတာ မိရံလာခေါ်မှနိုးတော့သည်။
ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်ရင်းကိုယ့်ကိုယ်ကိုယ်မှန်ထဲကနေတစ်ဆင့်ပြန်ကြည့်မိ၏။
ခံစားချက်မဲ့နေပါရောလား။
ပြုံးကြည့်လိုက်သည်။
"တက်နေခွန်းဆိုတာမင်းပဲ။ ကြည့်ပါဦး
ခံစားချက်မပါပဲပြုံးနေလိုက်တာ တဖြည်းဖြည်းကြောက်ဖို့တောင်ကောင်းလာပြီ။"လှေကားတစ်ဝက်မှာတင် တစ်စုံတစ်ယောက်ကိုတွေ့လိုက်တာကြောင့်ခြေလှမ်းတွေရပ်တန့်ထားလိုက်၏။
"ခွန်း"
သူ့ခေါ်သံအဆုံးမှာတော့ နောက်လှည့်မကြည့်တော့ပဲအပေါ်သို့ပြန်ပြေးတက်လာခဲ့လိုက်သည်။
"ကျစ်!!!ဘာလို့ရောက်နေတာလဲ။ ငါရှိတာဘယ်လိုသိသွားပြန်တာလဲ။"
ဒေါက်~~~ဒေါက်
"ခွန်းးထမင်းစားရအောင်လေ"
"မင်းးး ထွက်သွား"
"ငါတို့စကားခဏပြောရအောင်လေ။"
"ဘာအလိမ်အညာတွေနဲ့ကလိမ်ကကျစ်လုပ်ဦး
မလို့လဲ။""ငါဘာမှလိမ်ညာထားတာမရှိဘူး။ ပြီးတော့ ငါရဲ့ အဖြူစင်ဆုံးစကားကိုလည်းပြောချင်သေးတယ်။"
"......."
"တံခါးခဏလောက်ဖွင့်ပေးပါကွာ"
"......."