အပိုင်း(၂၂)
"ဒီလက်ကပိုင်ရှင်ရှိတယ်။ ငါပဲကိုင်ခွင့်ရှိတယ်။"
"မင်းးးမင်းနဲ့ဆိုင်လို့လား"
"ဆိုင်တာပေါ့!!ငါ့ရဲ့တရားဝင်လက်ထပ်ထားတဲ့သူလေ....ငါ့ရှေ့မှာ ငါ့အပိုင်ကို ဒီလိုလုပ်တာ ရပ်ကြည့်နေရမှာလား..သောက််ရူး"
လက်ကိုနောက်တစ်ခါနောက်ကိုပြန်လိမ်ချိုးလိုက်လျှင်..
"အားအ့"
"ကျိုးသွားအောင်ချိုးပေးရမလား"
"ငါသွားမယ် ငါသွားမယ်။"
လှိုင်းက ထိုလူရဲ့လက်ကိုလွှတ်ချလိုက်တော့။
ဆိုင်ကယ်ကို လက်တစ်ဖက်တည်းနဲ့မောင်းပြီးအသည်းအသန်ထွက်ပြေးသွား၏။"ဟားးးခီခီ"
ဘေးနားကနေ အူတက်အောင်ရီနေသော ခွန်းကြောင့် လှိုင်းကမျက်ခုံးကို ပင့်တင်လိုက်ရင်း
"ဘာဖြစ်နေတာလဲ...ဒီအခြေအနေမှာရယ်စရာပါလိုလား"
"ဟမ်...sorry sorry မင်းပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ငါရယ်ချင်စိတ် မထိန်းလိုက်နိုင်ဘူး"
"ဘာ!! ငါပြောတဲ့ထဲမှာဘာရယ်စရာမှမပါဘူး"
"မင်းပြောလိုက်တာလေ ငါကမင်းရဲ့တရားဝင်လက်ထပ်ထားတဲ့သူဆို"
"ဟုတ်တယ်လေ"
"ဟားးဟားးးလှိုင်းခက်ထန်....လှိုင်းခက်ထန်...
အတိတ်တွေမေ့ကုန်ပြီလား။ ငါတို့ကကွာရှင်းပြီးသားနော်။""အဲ့ကိစ္စကို မေ့လိုက်လို့ မရဘူးလား"
"ငါဆုံးဖြတ်ချက်ကိုလွယ်လွယ်နဲ့ချခဲ့တာမဟုတ်ဘူး။ မင်းသိလား ငါကွာရှင်းဖို့ အချိန်တော်တော်ကြာကြာစဥ်းစားခဲ့သေးတယ်။ တွေဝေခဲ့ဘူးတယ်။ တုံ့ဆိုင်းနေခဲ့ဘူးတယ်။ ဒီလိုနဲ့ဖြစ်လာတဲ့ကိစ္စကို လွယ်လွယ်ကူကူမေ့ပစ်လို့ရပါ့မလား
မင်းဦးနှောက်ရှိရင် စဥ်းစားကြည့်စမ်းပါ။""ဟုတ်ပြီ။ ငါမင်းဘက်ကိုတွေးမကြည့်ခဲ့ဖူးဘူး။
ဒါပေမယ့် ငါမင်းကိုလိုအပ်တယ်။""Reason!!! "
".........."
"မင်းအတွေးတွေကရပ်နေပြီပဲ။ မသိရင် ငါကလိုသုံးကြီးကျလို့။ မင်းငါ့အပေါ်ကိုချုပ်ချယ်ခွင့်မပေးနိုင်တော့ဘူး။ ငါ့မှာလည်းအတောင််ပါတယ်နော်။ အခုပျံသန်းလို့မရအောင်မင်းကရိုက်ချိုးချင်နေတာ"