အပိုင်း(၂၉)

8.5K 528 57
                                    

အပိုင်း(၂၉)

"ဆရာ သူ့အတွက်အချိန်ဘယ်လောက်ကျန်ဦးမလဲ"

"ဆရာ့အထင်တော့ နောက်ငါးလလောက်ပဲရတော့မယ်"

"ငါးလပဲကျန်တော့တာလား ဆွဲဆန့်ထားလို့တောင်မရတော့ဘူးလား။"

"ကုသဆေးမရှိသေးတော့ ဆက်လည်းမတက်နိုင်လိို့ပါ။"

"သူ့ကိုအိမ်ပြန်ခေါ်သွားလို့ရလားဆရာ ဆေးရုံမှာမနေချင်ဘူးဆိုလို့ အိမ်မှာကျသူ့အတွက်သက်တောင့်သက်သာများဖြစ်မလားလို့ပါ။"

"ခေါ်သွားပါ ရပါတယ်။"

ကျွန်တော် ဆရာဝန်ဆီကပြန်လာတော့ ခွန်းက ပန်းသီးကိုသူ့ဟာသူအခွံထိုင်နွာနေ၏။

"ကိုယ်လုပ်ပေးမယ် ကိုယ့်ကိုပေး။"

"ငါ့ဟာငါလုပ်မယ် ငါအကောင်းကြီးရှိသေးတယ်။ ခြေလက်ကျိုးနေတာမဟုတ်ဘူး။"

"ကိုယ်အဲ့သဘောနဲ့ပြောတာမဟုတ်ပါဘူး"

"တော်တော့ ငါဆေးရုံကဆင်းလို့ရပြီလား ဆရာဝန်ဘာပြောလည်း။"

"ရတယ်တဲ့ ညနေကျရင်ပြန်ရအောင်လေ။"

"ညနေကျမှလား နေ့ခင်းကိုငါကဒီမှာဘာထိုင်လုပ်ရမှာတုန်း ငါပန်းသီးစားပြီးရင်ပြန်မယ်လေနော်"

"ဟုတ်ပါပြီဗျာ Honeyရဲ့သဘောအတိုင်းပါပဲ။"

...........................................................................

ညကျတော့ ကျွန်တော်ကစကားမပြောတာကြောင့် သူကျွန်တော့်ကိုတောက်လျှောက်လိုက်ကြည့်နေ၏။

ကျွန်တော်စကားမပြောတာက ပြောချင်တာတွေမှအများကြီးပေါ့ ဒါပေမယ့်ပြောမထွက်ဘူး ပါးစပ်ထဲကပွင့်အံကျလာမယ့်စကားလုံးတွေက သူ့ကြောင့် အကုန်ပျက်ပြားကုန်၏။

"လှိုင်း...ခက်....ထန်"

"ဘာ!!! လာလဲ!! Honey"

နောက်ကနေ မေးထောက်ရင်း တစ်လုံးချင်းစီနာမည်ကိုခေါ်လိုက်သောကြောင့် ဘာမှန်းမသိပဲလူကပြာယာခတ်သွားမိသည်။

"မင်း...........ငါ့ကိုလွှင့်ပစ်ချင်နေပြီလားဟင်"

"ဘယ်လိုအတွေးနဲ့များပြောလိုက်တာလဲကွာ ကိုယ်မင်းကိုပြောထားပြီးသားလေ။ မင်းဘယ်လိုပဲဖြစ်နေပစေ ခြွင်းချက်မရှိချစ်ပါ့မယ်လို့။"

ခြွင်းချက်မရှိ(complete)Where stories live. Discover now