အပိုင်း (၂၈)

8.1K 476 32
                                    

အပိုင်း(၂၈)

ကိုယ်တို့ဒီည....

ဒေါက်...ဒေါက်....

အိပ်ရာပေါ်ရောက်ခါစပဲရှိသေးတယ်။ တံခါးခေါက်သံကကြားရပါပြီ။

ဟိုနှစ်ယောက်ထဲကတစ်ယောက်ဆိုတာသေချာနေပြီမို့ မဖွင့်ချင်ပဲ တံခါးကိုသွားဖွင့်လိုက်၏။

"ရူးပေါက်ချင်လို့ဂျ"

"ဟ!! ပါပီတို့အခန်းမှာအိမ်သာလုပ်ပေးထားတယ်လေ။"

"ဘတ် ဝင်ပြီးအီးပါနေတယ်။"

"အော်...အေး နောက်တစ်ခါ နှစ်ခုလုပ်ပေးထားရမယ်။"

"ဒယ်ဒီရေ အပေါက်ဝကြီးပိတ်ရပ်မထားပါနဲ့။ ဒီမှာထွက်ကျတော့မယ်။ ပေါက်ချလိုက်ရမလား"

"ကဲကဲ လာဟေ့"

လှိုင်းကပိတ်ရပ်ထားရာမှဖယ်ပေးလိုက်ရင်း။

"Honeyရေမင်းကလေးဝင်လာပြီဟေ့"

ဘောင်းဘီပဲကောက်ဝတ်ရသေးတဲ့ခွန်းက တစ်ကိုယ်လုံးကိုစောင်ဖြင့်အုပ်ချလိုက်သည်။

ရူးပေါက်ချင်အားကြီးတာကြောင့် ကုတင်ပေါ်ကစောင်ကြီးနဲ့လုံးလုံးကြီးဖြစ်နေတဲ့အရာကိုလည်းဂရုမစိုက်နိုင်ပဲ အိမ်သာကိုသာ သုတ်ချေတင်ပြေးသောပါပီကြောင့် နည်းနည်းသက်သာရရသွားတာပေါ့။

"Honeyရဲ့ဟာလေးတွေကနော် လာရင်အချိန်ကောင်းမှရောက်ရောက်လာတယ်။"

"မင်းကလေးမဟုတ်တာကျနေတာပဲ...မင်းနဲ့တူတာလေ။"

"ကိုယ့်သားမလို့အဲ့လောက်သည်းခံနေတာ။ သူများကလေးသာဆို ပြတင်းပေါက်ကပစ်ချလိုက်တယ်။"

"ခိ..ခိ"

စောင်ထဲကရီသံကအပြင်ထိလွှင့်စင်ကျလာ၏။

"ဒယ်ဒီ"

"ပြီးပြီလား ပြီးရင်ပြန်လာလို့ရပါပြီနော်"

"ပါးပါးရော"

"ဒီမှာလေ အိပ်ပျော်နေတယ်။"

စောင်ပုံထဲကိုလက်ညိုးထိုးပြပြီး မျက်နှာလေးမြင်ရအောင်စောင်လေးကိုလည်ပင်းထိလှန်ပြလိုက်၏။

"ဟိတ်ဟိတ်!! အိပ်နေတယ်ဆို"

ပြောမရဆိုမရသူကတော့အတင်းသူ့ပါးပါးပေါ်တက်သွား၏။

ခြွင်းချက်မရှိ(complete)Where stories live. Discover now