အပိုင်း(12)

9.7K 697 23
                                    

အပိုင်း(၁၂)

ခွန်းအခုဆိုရင် ဦးခိုက်ဆီရောက်နေတာ 2ရက်ရှိပြီ ခွန်းထင်တဲ့အတိုင်း လှိုင်းကမင်းမခဆီအရင်ဆုံးလာရှာတာပေါ့။
တော်သေးတယ် ခွန်းမရှိပေလို့
ခွန်းရဲ့ဖုန်းကို အကြိမ်ပေါင်းမြောက်များစွာဆက်ထားသောလှိုင်းcall historyတွေကတန်းစီလို့။

အဲကွန်းခန်းထဲ ကလေးတွေအိပ်နေတုန်း တစ်ယောက်ထဲအေးအေးဆေးဆေးဖုန်းကြည့်နေရင်းဒီဇိုင်းတစ်ခုကိုသွားတွေ့လိုက်သည်။

"ဒါအကုန်ငါဆွဲတဲ့ဒီဇိုင်းတွေ!!!ဘယ်လိုလုပ်"

ကြည့်ရတာ တက်သစ်စအမည်မဖော်သူ ဒီဇိုင်နာတစ်ယောက်ဖြစ်မည်ထင်သည်။ နာမည်ကိုမွန်းတစ်လုံးသာဖော်ထားပြီး သူ့ဒီဇိုင်းတွေကခွန်းရဲ့ဒီဇိုင်းတွေနဲ့လုံးဝချွတ်စွပ်ကိုတူနေသည်။ မာန်ဦးခိုက်တို့ ကုမ္ပဏီအတွက်ဆွဲထားသောဒီဇိုင်းတောင်ပါသွားသေး။

"ဒါမဖြစ်နိုင်တာ!!!"

သေချာတာကတော့ သူခွန်းရဲ့ဒီဇိုင်းတွေကိုခိုးယူထားတာဖြစ်မည်။

လက်တလောမှာ ဒီဇိုင်နာမွန်းဆိုသူက popular Nowတောင်ဖြစ်နေပြီ။

ပုံမှန်ဆို စိတ်မဝင်စားတက်တဲ့ခွန်းက ဒီကိစ္စကိုတော့ တော်တော်ပင်သိချင်မိသည်။
သူဘယ်သူလဲ??
ဘာလို့ငါ့ဒီဇိုင်းတွေကိုcopyတာလဲ?
တစ်ချို့ဒီဇိုင်းတွေဆိုပုံကြမ်းပဲဆွဲရသေးတာ။ ဒါတွေကိုသူဘယ်ကရတာလဲ??

မင်းမခက စီးပွားရေးနယ်ပယ်မှာကျွမ်းကျွမ်းကျင်ကျင်ရှိတာကြောင့် မင်းမခဆီဖုန်းဆက်မေးကြည့်လိုက်သည်။

"ဟယ်လို!မင်းမခ"

"ပြော"

"ဒီဇိုင်နာမွန်းအကြောင်းသိပြီးပြီလား"

"အွန်း။ အဲ့တာမင်းမလား"

"ငါမဟုတ်ဘူး"

"ဟင်!!!မဟုတ်ဘူးလား။ ဒီဇိုင်းတွေက မင်းဒီဇိုင်းတွေလေ။"

"ဟုတ်တယ်။ ငါ့ဒီဇိုင်းတွေကိုcopyလုပ်ထားတာ။ သူဘယ်သူလဲ ငါသိချင်တယ်။"

"အော်....မနက်ဖြန်ညကျင်းပမယ့် ဦးဇေယျတို့ရဲ့စီးပွားရေးမဟာမိတ်တွေ့ဆုံပွဲပါတီကိုလဖိတ်ထားတယ်။ သူလာမယ်လို့ကြားတယ်။"

ခြွင်းချက်မရှိ(complete)Where stories live. Discover now