Chapter 1

27.8K 950 7
                                    

I See You

Chapter 1

By: Footprint_treza

Cr to: original

*~*~*~*~*~*~*~*~*~*~*

Soo's POV

"Good morning,Mrs.Chang..ညကကောင်းကောင်းအိပ်ပျော်ရဲ့လား" ၆၅နှစ်ရှိပြီဖြစ်သည့် ကျမ၏အလုပ်ရှင် Mrs. Grace Chang ကိုနှုတ်ဆက်လိုက်သည်။ ကျမသူ့ကို ဂရုစိုက်နေရသည့်အကြောင်းက သူ့မှာခေါင်းကိုက်တတ်သောဝေဒနာရှိသည့်အတွက်ပါ။ ဒါကြောင့် သူညဘက်ဆိုကောင်းကောင်းအိပ်မပျော်တတ်တာဖြစ်နေသည်။

Mrs.Chang က Seoulမြို့, Myeong-Dong မှာ ကော်ဖီဆိုင်သေးသေးလေးတစ်ခုကိုပိုင်သည်။ ကျမက ထိုဆိုင်လေးမှာ Monday to Friday, မနက်၈နာရီမှ ည၈နာရီထိ လုပ်ရသည်။ ထိုဆိုင်လေးမှာ အလုပ်သမားအင်အားကတော့နည်းသား၊ ထို့အတွက် ကျမကတခါတလေ စာပွဲထိုးသည်, coffee ပြင်ပေးသည်, အလုပ်ပြီးသွားလျှင် တခါတလေ သန့်ရှင်းရေးကူလုပ်ပေးသည်..အဲ့ဒါတွေအတွက် ကျမစောဒကမတက်ပါ။ Mrs.Chang က လစာကောင်းကောင်းပေးသည်လေ။ အရမ်းကြီးမများပေမယ့် ကျမမိသားစုအတွက် လုံလောက်တဲ့ပမာဏပါ။

"ဒါပေါ့..Sooရဲ့..အိပ်ပျော်လိုက်တာမှ..သောက်နေတဲ့ဆေးတွေက ခုမှဆေးစွမ်းပြတယ်ထင်ပါ့"

"တော်သေးတာပေါ့..ဆရာဝန်ကရော ဘာပြောသေးလဲ, Mrs.Chang" ကျမ၏ဟောင်းနွမ်းနေပြီဖြစ်သည့် Leather အိတ်ကို စားပွဲပေါ်ချရင်းမေးလိုက်သည်။ နောက်,ဆံပင်တုကို နေသားတကျဖြစ်အောင်လုပ်လိုက်ပြီး မျက်မှန်ကမှန်တွေကိုသန့်ရှင်းနေလိုက်သည်..။

"ခေါင်းတစ်ခြမ်းကိုက်တာလေးလောက်ပါပဲ..ဘာမှတော့မထူးပါဘူး" ကျမသက်သာရာရမိသည်။ သူဆရာဝန်သွားပြခဲ့ပုံရသည်။ အရင်တုန်းကဆို သူ့ကိုဆရာဝန်သွားပြဖို့ အကြိမ်ကြိမ်တိုက်တွန်းခဲ့တာတောင် ဘယ်တော့မှနားမထောင်ခဲ့ဘူးလေ။ သူ့မှာ ဆေးရုံဆေးခန်းတွေနဲ့ ပက်သက်လို့ ကြောက်စိတ်တွေသိပ်များတာပါပဲ။

"XiuMin မိန်းမ,မနေ့က ကလေးမွေးလို့တဲ့" Mr.Chang ဝမ်းသာအားရပြောသည်။

"wow..ပျော်လိုက်တာ.. သူတို့ငါးနှစ်တောင်ကြိုးစားရကျိုးနပ်တာပေါ့လေ, မိန်းကလေးမလား?"

"ဟုတ်တယ်,မိန်းကလေး.. ဒါနဲ့ Soo ရေ..XiuMin ဒီနေ့မလာနိုင်လို့ သူ့နေရာမှာအစားလုပ်ပေးပါလား"

I See YouWhere stories live. Discover now