Chapter 13

6K 552 16
                                    

I See You

Chapter 13

By; Footprint_treza

CR to: original

*~*~*~*~*~*~*~*~*~*~*~*~*

Soo's POV

"Vingt-cinq milliards de dollars, ce est définitif ...oui ... Oui .. si vous ne serez pas accepter mon offre, alors, je ne ai pas d'autre choix que d'acheter le chantier naval de votre concurrent au lieu ... Ah bien, je vous ai donníe suffisisamment de temps pour penser déjà, président, je veux votre décision maintenant si je peux négocier pour mes projets alternatifs... Non...je ai dit non . Ce ne est pas partie du plan . Bon, d'accord. Donc je suppose, ce est la fin de notre conversation ..."

ဘာတွေလဲ?ရရှားစကားလား?ဂျာမန်လား?တူရကီလား?...ပြင်သစ်လား? ဒါမှမဟုတ် ဖိလစ်ပိုင်စကားလား?သူဘာ,ဘာသာစကားသုံးပြီးပြောနေလဲဆိုတာကျမနားမလည်ရိုးအမှန်ပါ။

Mr.Kim... ကျမပြောချင်တာက Jongin, သူဖုန်းပြောနေသည်လေ။ ခုနတုန်းက သူကျမကို Jongin ဟုခေါ်ခိုင်း၏။ ဘာလို့ Kai မဟုတ်ပဲ, Jongin ဖြစ်နေသလဲဆိုတာကိုတော့ အနည်းငယ်ကြောင်သွားမိသေး၏။ နောက်,ရုတ်တရက်ကျမသတိရသွားသည်။ တစ်ခါသူ့အဖေရုံးခန်းထဲမှားဝင်စဉ်က သူ့အဖေက Jongin ဟုလွှတ်ခနဲထွက်သွားသေးသည်ကိုသတိရမိလိုက်၏။ အလုပ်အရ Kai လို့နာမည်ပေးထားတာလား? ဖြစ်နိုင်ပါသည်။ သို့သော်, ကျမနှင့်မှမဆိုင်တာဟုတွေးပြီး အတွေးလက်စသတ်လိုက်ရ၏။

ခုသူဖုန်းပြောနေ၏။ ကျမတို့ကားထဲဝင်ကတည်းကစာချုပ်တစ်ခုအကြောင်းဆွေးနွေးညှိနှိုင်းနေခြင်းဖြစ်သည်။ သူက wireless Bluetooth ဖြင့်နားကြပ်တပ်ထားပြီးပြောဆိုနေလေသည်။

သူပြောတာကိုနားထောင်ပြီး သူသုံးသည့်ဘာသာစကားကိုသိနိုင်ဖို့ ကြိုးစားသေးသည်။ သူတော်တော်အသံကောင်း၏ဟုစိတ်ထဲမှတွေးမိသည်။ ယောက်ျားဆန်သည်။ အသံသြသြရှရှလေးနှင့်တည်ငြိမ်သည်....ပြီးတော့ ဟုတ်ပါသည်...သြဇာအာဏာသံနှင့်သူပြောနေ၏။

ကျမ passenger seat မှာထိုင်ခုံကူရှင်၏နူးညံ့ဇိမ်ကျမှုကိုခံစားရင်း မှီထိုင်လိုက်၏။ ထိုင်ခုံအနားကသားရေ၏ပြည့်တင်းအိစက်မှုကို လက်နှင့်ပွတ်သပ်ခံစားမိသည်။ Jongin ကားမောင်းနေတာ ဂျက်လေယာဉ်မောင်းနေသည့်အတိုင်းပင်။ တည်တည်ငြိမ်ငြိမ်လေးနှင့် သက်သက်သာသာလေး။ သူတော်တော်မြန်မြန်ကြီးမောင်းနေပါ၏။ သို့သော်, ချောချောမွတ်မွတ်လေးဖြစ်နေအောင် သူကားကိုကျွမ်းကျင်စွာထိန်းညှိသွားနိုင်သည်။

I See YouWhere stories live. Discover now