Chapter 30

5.6K 507 28
                                    

I See You

Chapter 30

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*~*

စေ့စပ်ပွဲပါတီညက လူတိုင်းအတွက်ပို၍ပျော်ရွှင်ဖွယ်ဖြစ်လာခဲ့သည်။

ရေကန်ထဲသို့ကျွန်တော်တို့နှစ်ယောက်ပြုတ်ကျစဉ်က Soo၏စူးစူးဝါးဝါးအော်သံကို Lee SooManနှင့် Sooအမေတို့ကြားကာ ချက်ချင်းရောက်လာပြီး ကန်ထဲမှငါးတွေနှင့်အတူကျွန်တော်တို့နှစ်ယောက်အားတွေ့သွားတော့သည်။

LuLu နှင့် SeHun တို့လည်းရောက်လာခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်အားလှောင်ပြောင်ဟားတိုက်ကြသော်လည်း ရေကန်ထဲသို့ကျခြင်းကအပြတ်မိုက်သည်ဟုမှတ်ကြပုံရသည်။ မပြောမဆိုပဲရုတ်တရက် သူတို့နှစ်ယောက်သားအဝတ်အစားအပြည့်နှင့်ပင် ရေကန်ထဲသို့ခုန်ဆင်းသွားသောအခါ ပါးစပ်အဟောင်းသားဖြင့်သာကျန်နေခဲ့ရတော့၏။

တချို့သောဆယ်ကျော်သက်ဧည့်သည်များလည်းပျော်စရာဟုမှတ်ကာ ရေကန်ထဲသို့အတူလိုက်ဆင်းကြ၏။ ထိုနည်းဖြင့်ပင် ကပွဲခန်းမမှပါတီသည် ရေကန်ဧရိယာသို့အလိုလိုပြောင်းရွှေ့ပြီးလျက်သားဖြစ်နေတော့သည်။ သန်းခေါင်ယံတွင် လူတိုင်းနီးပါးရေတွေရွှဲစိုကြပြီး အချင်းချင်းရယ်မောစနောက်ကြရင်း ရေတွေကူးကြ,ကခုန်ကြ,သောက်စားကြရင်းပင် အချိန်ကုန်သွားခဲ့၏။

သန်းခေါင်ကျော်တော့ ကျွန်တော်Sooကိုအိမ်ပြန်ပို့ဖြစ်သည်။ သူကားပေါ်မှမဆင်းခင် သူ့အားနမ်းဖို့ကြိုးစားသော်လည်း သူကလှီးလွှဲဖယ်ရှောင်သွား၏။

"ဘာလို့လဲ?"

"Jongin, တော်ပါတော့, ဘယ်သူမှကျမတို့ကိုစောင့်မကြည့်နေတော့ဘူး."

"အဲ့တော့?"

ကျွဲမြီးတိုတိုနှင့် သူနှုတ်ခမ်းအားတွန့်လိမ်လိုက်ပြီး "ကျမတို့ကဟန်ဆောင်နေတာသက်သက်ပဲဆိုတာ ရှင်အမြဲမေ့တယ်" ဟုဆိုသည်။

သူ့ပေါင်ပေါ်တင်ထားသောလက်ကို မ.ယူလိုက်ကာ လက်ဖမိုးနုနုလေးအားကြင်နာစွာနမ်းရှိုက်လိုက်၏။ "ငါဟန်ဆောင်နေတာမဟုတ်ဘူး.. ငါမင်းကိုနမ်းတိုင်း.. ထိတွေ့လိုက်တိုင်း.... ငါလုပ်သမျှတွေက ငါကိုယ်တိုင်လုပ်ချင်လို့ပါ."

I See YouWhere stories live. Discover now