I See You
Chapter 25
By; Footprint_treza
Cr to; original
*~*~*~*~*~*~*~*~*~*~*~*
Soo's POV
"Soo ရော?ဘယ်မှာလဲ?" Kim တို့၏အိမ်ကြီးရခိုင်ထဲဝင်လိုက်သည်နှင့် Mrs.Yixing၏သူ့သားအားမေးသံကိုကြားလိုက်ရသည်။
"သူ မေ့ရှေ့မှာလေ, မေရ." Jongin ကခပ်ဟဟရယ်သည်။
"Soo? မင်းပြောတာ....Soo?! ဒါတကယ်သမီးလား!? တကယ်!! သမီးသိပ်ချစ်ဖို့ကောင်းတာပဲ!" သူချက်ချင်းကျမအားသိမ်းကျုံးဖက်ကာ ပါးပြင်အားနမ်းလိုက်၏။ "ဆောရီးပါသမီးရယ်... အန်တီတကယ်မမှတ်မိလိုက်ဘူး."
ရုတ်တရက်ပင် ကျမဘေးပတ်ဝန်းကျင်၌ Jonginဧမိသားစုများဝန်းရံရောက်လာတော့သည်။ ပြောင်းလဲသွားသောကျမ၏ပုံစံကို မယုံကြည်နိုင်ကြသူများပေါ့။ ကျမ၏အသွင်ပန်းအပြင်အဆင်ကို သူတို့မျက်လုံးတွေကစေ့စေ့စပ်စပ်ကြည့်ရှုစစ်ဆေးကြလိုက်တာ။ ခန္ဓာကိုယ်ကိုအပေါ်အောက်တစ်လှည့်စီ အကဲဖြတ်နေကြသည့်ပုံတွေ။ ကျမကတကယ့်ကို Sooပါလားဆိုတာကို သူတို့စိတ်ထဲစွဲနစ်နေအောင်လုပ်နေသည့်အလား မျက်တောင်ကိုအကြိမ်ကြိမ်အခါခါပုတ်ခတ်ပုတ်ခါလုပ်နေသူများလည်းရှိရဲ့။
ကျမမျက်နှာတစ်ခုလုံးပူရှိန်းရှိန်းနှင့်၊ ရှက်ကိုးရှက်ကန်းနေမထိထိုင်မသာဖြစ်နေမိသည်။ ချက်ချင်းတိုးလျှိုးပုန်းရှောင်သွားနိုင်မည့် နေရာသေးလေးတစ်ခုပေါ်လာလျှင်သိပ်ကောင်းမည်။
"နင့်ဆံပင်အမည်းရောင်ကဘာဖြစ်သွားတာလဲ Soo?" Jongin ၏တစ်ဝမ်းကွဲအစ်မ Aliee ကမေးလာ၏။ "ဆံပင်ဆိုးလိုက်တာလား?"
"မဟုတ်ပါဘူး.....အမ်.......အာ.."
"ဒါသူ့နဂိုဆံပင်ပဲ Noona, အကြောင်းတစ်ခုကြောင့် သူတစ်ချိန်လုံးဆံပင်တုစွပ်ထားတာ... အဲ့ဒီအကြောင်းကို နောက်ထပ်မေးခွန်းတွေဆက်မမေးနဲ့တော့, အိုကေ?" Jongin ၏မချေမငံတုံးတိတိအဖြေကြောင့် လူတိုင်းကပါ ကျမ၏ပုံစံပြောင်းခြင်းအတွက်မေးခွန်းမြောက်မြားစွာတို့ကို အောင့်အည်းကြတော့၏။ သူကျမဘေးမှာရှိနေခြင်းကိုကျေနပ်မိသည်။ ကသိကအောက်နိုင်လှသောမေးခွန်းတွေကြားမှကျမကိုကယ်ထုတ်ပေးလိုက်ခဲ့သည်လေ။
![](https://img.wattpad.com/cover/35898007-288-k553350.jpg)
ŞİMDİ OKUDUĞUN
I See You
Hayran Kurguမှီငြမ်း fic လေးပါ..Eng fic တစ်ခုကို kaisoo fanfic အနေနဲ့ ရေးမလို့ပါ.. မူရင်းကိုဖတ်ဖူးတဲ့သူတွေလည်းရှိမှာပါ..ဖတ်ဖူးတဲ့သူတွေက ဒီfic နဲ့နည်းနည်းကွဲနေတာကိုတွေ့ရမှာပါ..ဒါပေမယ့်လည်း..ခုဒီ I see you ကိုဖတ်ရတာကြိုက်လိမ့်မယ်လို့မျှော်...