Chapter 2

9K 663 11
                                    

I See You

Chapter 2

By : Footprint_treza

Cr to: orignal

*~*~*~*~*~*~*~*~*~*~*

Kai's POV

"ခ်ခ်" "အဲ..ဟုတ်ပါ့ဟယ်" "ဟုတ်လား" "ဟယ်တော့်" "ငါလည်းနင့်လိုလိုက်ဝတ်ဦးမှပါ" စသည့်စသည့် ပူညံသံတွေ ဘေးဝိုင်းမှာထိုင်နေသည့် ကောင်မလေးတွေဆီက ထွက်လာနေ၏။ ကျွန်တော်လည်း စိတ်ချဉ်ပေါက်ပေါက်နှင့် သူတို့ကိုလှမ်းကြည့်လိုက်တော့ ထိုကောင်မလေးတွေက ကျွန်တော့်ကို ကြာပစ်သည့်အကြည့်တွေနှင့်ရှိုးနေကြသည်ကို စိတ်ပျက်ဖွယ်တွေ့လိုက်ရပါ၏။

"တော်တော် နားညည်းတဲ့ကလေးမတွေပဲ" Lee Soo Man က စကားစလာသည်။.Lee Soo Man ဆိုတာက ကျွန်တော့်၏ကိုယ်ပိုင်ဒရိုင်ဘာ, bodyguard တစ်ယောက်ဖြစ်သည်။

မနေ့ညက သူငယ်ချင်းတစ်ယောက်၏ မွေးနေ့ပါတီမှာ ကျွန်တော်သောက်တာတော်တော်များသွား၏။ ထိုparty ကို ခေတ်ဆန်သောအသိုင်းအဝိုင်းကလူတွေနှင့်, Celebrities တွေအများကြီးလာကြသည်။ လူအုပ်ကြီးက တော်တော်ပရမ်းပတာနိုင်သောအမျိုးအစားထဲဖြစ်သည်။ စည်းကမ်းတော်တော်ပျက်နေသည့် လူငယ်တွေကိုလည်း မြင်ခဲ့ရသည်။

အမှန်အတိုင်းပြောရလျှင် ကျွန်တော်လည်း ကောင်မလေးတစ်ယောက်ကို ကျွန်တော့်တိုက်ခန်းထိ..ပြောရလျှင်အိပ်ခန်းထဲထိ ခေါ်လာခဲ့မိပါ၏။ ကောင်မလေးဆိုသည်ထက် နာမည်ကြီးမော်ဒယ်တစ်ယောက်ဟုဆိုလျှင်ပိုမှန်မည်ထင်သည်.. "Clara Lee"

သူ့ကိုမခေါ်လာခင်တုန်းက ကောင်မလေးတစ်ယောက်နှင့်လည်း ဒိတ်ခဲ့သည်။ .ဒါပေမယ့် မနေ့ညက Clara နှင့်ကျွန်တော့်ကို ကျွန်တော့်မိတ်ဆွေတစ်ယောက်က မိတ်ဆက်ပေးခဲ့ခြင်းဖြစ်သည်။ ထိုအချိန်ကစပြီး Clara ကျွန်တော့်အနားကကို မခွာတော့။ ကျွန်တော့်လက်မောင်းကိုလည်း တစ်ချိန်လုံးတွယ်ဖက်ထားတော့တာပဲ။ သူ့ကိုမကျေမနပ်ဖြစ်ဖို့ အကြောင်းပြချက်အခိုင်အမာလည်း ကျွန်တော့်မှာမရှိ။ သူက အလွန်လှပြီး တော်တော်လေးလည်း hot တာကိုး။ ပါတီမှာရှိသည့် ယောက်ျားတွေအားလုံး သူ့ကိုလိုချင်နေလိမ့်မည်ဟုကျွန်တော်ပြောရဲ၏။ ယောက်ျားတစ်ယောက်ချင်းဆီတိုင်းကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာ သူတကယ်ကျွမ်းပေတာပဲ။ ထို့ကြောင့်လည်း ကျွန်တော်ကိုသူတွဲနေရခြင်းနှင့်ပက်သက်၍ သူတော်တော်ယုံကြည်ချက်ရှိနေသည့်ပုံပါ။ ကျွန်တော်လက်ခံပါသည်၊ သူတစ်ချက်တစ်ချက်တော့ ကျွန်တော့်ကိုဆွဲဆောင်နိုင်သည်ဟု....တစ်ချက်တစ်ချက်ပဲဖြစ်ပါသည်။

I See YouWhere stories live. Discover now