Chapter 5

6.6K 602 12
                                    

I See You

Chapter 5

By: Footprint_treza

CR to: original

*~*~*~*~*~*~*~*~*~*~*

Kai's POV

ကျွန်တော်သူ့မျက်နှာကို စေ့စေ့ကြည့်လိုက်ပြီး သူ့ပါးလေးတွေနှင့်နှာတံစင်းစင်းလေးကိုပါငေးကြည့်လိုက်၏။ သူ့မှာတော်တော်လှသည့်မျက်နှာလေးကိုပိုင်ဆိုင်ထားသည်ပဲ။ ဘာမိတ်ကပ်တွေမှမရှိဘဲနှင့် သဘာဝအတိုင်းစိုစိုပြည်ပြည်လေးဖြစ်၍နေသည်။

သူ့ဘယ်ဘက်မျက်လုံးကိုကြည့်ပြီး နောက်ညာဘက်...။ သူ့အညိုရောင်တောက်တောက်မျက်လုံးလေးတွေက ကျွန်တော့်ကိုတော်တော်တော်ဆွဲညှို့နိုင်သည်ကိုတော့လက်ခံရမည်။ ပန်းနုရောင်အသည်းပုံနှုတ်ခမ်းလေးဆီ ကျွန်တော့်မျက်လုံးအရောက်....အားး.... ထိတ်လန့်မှုနှင့်အတူနောက်ကိုရုတ်တရက်ဆုတ်လိုက်မိ၏။

'မဟုတ်ဘူး...သူမဖြစ်နိုင်ဘူး, လုံးဝမဖြစ်နိုင်ဘူး.. သူတို့၂ယောက်ကစရိုက်မှမတူပဲ..ရေနဲ့မီးလို,ဆီနဲ့ရေလို, တစ်ခြားဆီပဲဟာကို..Soo ကသိမ်သိမ်မွေ့မွေ့လေး, ရှေးဆန်တယ်, ကိုယ်ကျင့်သိက္ခာလေးရှိတယ်..ဒါပေမယ့်..ဟိုကောင်မလေးက အရမ်း..........အရမ်းဆန့်ကျင်ဘက်ကြီး..'

"မင်းတို့အဆင်ပြေရဲ့လား?" ကျွန်တော့်အဖေ Kim SuHo ကြောင့်ကျွန်တော့်အတွေးတွေပြန်လည်လာခဲ့သည်။ ဖေဖေက ကြမ်းပြင်ကော်ဇောပေါ်မှာရှိနေသော ကျွန်တော်တို့၂ယောက်ကိုရပ်ကြည့်နေလေ၏။

ကျွန်တော်မတ်တပ်ထလိုက်ပြီး "ဟုတ်..ဖေဖေ..ပြေပါတယ်..သူက ဟို....Ah..... Soo.." Soo ကိုထူပေးရင်းက အဖေ့အားပြောလိုက်သည်။

"Do Soo" အဖေ ကျွန်တော့်စကားကိုဆက်ပေးလိုက်၏။ "သူမင်းကိုတွေ့ဖို့လာတာ.. ဘယ်ကနေဘယ်လိုဖြစ်လဲတော့မသိဘူး..ငါနဲ့လာတွေ့တာပဲ"

'သူငါ့ကိုတွေ့ဖို့လာတယ်??'

တကယ်တော့ သူလာမည်မှန်းကျွန်တော်သိပါသည်။

လွန်ခဲ့သည့်၂ပတ်က ဟိုကော်ဖီဆိုင်ရှေ့၌ noticeboard ကြီးနှင့်ဆိုင်ပိတ်ထားသည့်အကြောင်းရေးထားသည်ကိုတွေ့ခဲ့ရသည်။ ဆိုင်ဘေးတိုက်ခန်းက ဦးလေးကြီးတစ်ယောက်အားမေးကြည့်ရာတွင် ထိုကော်ဖီဆိုင်ရှင်ကဆေးချိန်လွန်၍့ဆုံးသွားကြောင်းသိလိုက်ရပါ၏။

I See YouTempat cerita menjadi hidup. Temukan sekarang