Chapter 19

6.1K 572 16
                                    

I See You

Chapter 19

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*

Soo's POV

Jongin ကျမလက်မောင်းကိုရုတ်တရက်ဆွဲယူပြီး ကြမ်းတမ်းစွာသူ့ဆီဆွဲသွင်းလိုက်သည့်အချိန် ကျမပင့်သက်ရှိုက်လိုက်မိသည်။

"ရှင်ဘာလုပ်......" Jongin ချက်ချင်းခေါင်းငုံ့လျှိုးလိုက်ပြီး ကျမနှုတ်ခမ်းတွေကိုသူ့ကြမ်းတမ်းသောအနမ်းတစ်ခုနှင့်ပိတ်ဆို့လိုက်တော့ ကျမစကားတွေအလိုလိုပျောက်ဆုံးကုန်၏။

OH MY GOD!

ကျမလုံးဝရှော့ခ်ရသွားသည်။ ကျမခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားပေမယ့်လို့ ကျမနှလုံးကတော့ ငါးကန်ထဲမှခုန်ထွက်လာပြီး မြေပေါ်ကျသွားသည့်ရွှေငါးတစ်ကောင်လိုတစ်ဖျတ်ဖျတ်ပျာလောင်ခတ်နေလျက်...။

ကျမမယုံကြည်နိုင်.......သူကျမကိုနမ်းတယ်!

ကျမ၏အလိုအလျောက်တုံ့ပြန်မှုက သူ့ရင်ဘတ်ကိုအပြင်းအထန်တွန်းဆန်နေပေမယ့် သူ့ကသန်မာလွန်းအားကြီးသည်။ ကျောင်ဆောင်နံရံတစ်ခုကိုတွန်းနေရသလိုပါပဲ။ သူ့လက်မောင်းတွေကကျမခါးကိုလာပတ်ပြီး သူ့နှင့်ပိုနီးနီးကပ်ကပ်ဆွဲခေါ်ပြန်၏။ သူ့ဦးခေါင်းကိုပိုညွှတ်လိုက်ပြီး ပိုပြီးခက်ထန်သည့်အားနှင့်နမ်းပြန်သည် - ဘုရားရေ! မဖြစ်ဘူး!

Jongin နှုတ်ခမ်းတွေကနူးညံ့နေပြီး တစ်ချိန်တည်းမှာပဲသန်မာနေပြန်သည် - ပြီးတော့ကျမဆီကတုံ့ပြန်ချက်ကိုသူတောင်းဆိုနေ၏။ သို့ပေမယ့်ကျမကတော့ကြက်သေသေနေမိလျက်...။ သူ့အနမ်းကြောင့်ကျမအားမဲ့လာပြီး ဦးနှောက်လည်းအေးခဲနေပါပြီ - စိတ်ရှုပ်ထွေးနေ၏။

"Kiss me, Soo" သူတောင်းဆိုသောအသံနှင့်လေသံလေးထွက်လာသည်။

ကျမနှုတ်ခမ်းတွေကိုပြန်ဆွဲယူလိုက်ပြီးသူ့ဆီတွန်းခေါ်ပြန်သည်, ကျမဆီကဝင်ခွင့်ကိုသူ့လျှာလေးဖြင့် တွန်းထိုးကာတောင်းဆိုနေပြီး ကျမအောက်နှုတ်ခမ်းကိုရှပ်တိုက်နေပြန်၏။

"Dammit! ငါ့ကိုနမ်း။" သူ့အသံကပိုပြီးကြမ်းတမ်းလာသယောင်...။

ကျမတွန်းလှန်နိုင်ဖို့ကြိုးစားပါ၏, ဒါပေမယ့်အဲ့ဒါကဖြစ်မှမဖြစ်နိုင်တာပဲ။ သူ့နှုတ်ခမ်းတွေကနွေးထွေးချိုသာနေပြီး သူ့ကိုမလွှမ်းမိုးနိုင်ဖြစ်နေသည်။ လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ပြီးသူ့ကိုမထိဖို့ကိုအတင်းချုပ်တည်းလိုက်ပါ၏။

I See YouWhere stories live. Discover now