Chapter 24

6.3K 576 33
                                    

I See You

Chapter 24

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*

Soo's POV

"ဟယ်! Soo!" ကျမတို့အိမ်နီးချင်းဖြစ်သော Yoona Han အလုပ်လုပ်လျက်ရှိသည့် နာမည်ကြီး Celebrity တို့၏နေရာဖြစ်သော Beauty salon တစ်ခုသို့ကျမခြေချလိုက်သည်နှင့် Yoona ကအံ့သြစွာနှုတ်ခွန်းဆက်၏။ သူကသည်နေရာတွင် makeup artist အဖြစ်အလုပ်လုပ်သည်။ "ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ Soo?"

"Soo အစ်မအကူအညီလိုတယ်."

"Aah! ဆံပင်ညှပ်ချင်လို့လား? ဒါမှမဟုတ် ညီမရဲ့ ginger ဆံပင်လေးကိုအမည်းရောင်ဆိုးချင်လို့လား? အဲ့လိုဆိုရင်တော့ မဖြစ်ဘူး-မဖြစ်ဘူး-မဖြစ်ဘူးနော် Soo.. အစ်မခွင့်ပြုမှာမဟုတ်ဘူး. ဒီမှာညီမဆံပင်လေးကဘယ်လောက်လှလဲကြည့်စမ်း."

"မဟုတ်ဘူး... Soo နည်းနည်းလောက်ပြင်ချင်လို့ပါ."

"ပြင်ချင်လို့ဆိုတာဘာအဓိပ္ပာယ်တုန်း?" သူ့မျက်ခုံးတွေကအံ့အားသင့်မှုတွေဖြင့်ခုံးတက်သွားတော့သည်။

"နင်ပြောတာ.....အိုး! ဘုရားရေ! ဘုရားရေ! တရားရေ! သံဃာတော်တို့ရေ!! သေချာရဲ့လား?" သူမျက်လုံးတွေကစိတ်လှုပ်ရှားမှုဖြင့်တဖျတ်ဖျတ်လက်နေကြပြီး သူ့ပါးစပ်ကိုပင်သူ့လက်တွေနှင့်မယုံကြည်နိုင်စွာအုပ်မိုးလိုက်သေး၏။

ကျမသူ့အားပြုံးပြလိုက်ကာ "Sooရဲ့တကယ့်အစစ်အမှန်ကိုပြဖို့အချိန်ကျပြီလို့ထင်လို့လေ."

နောက်ဆုံးမှာတော့ ကျမ၏အတိတ်ကပုံရိပ်တွေကိုခွာချပြီး ရှေ့ဆက်လျှောက်ရန်ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ကြောက်လန့်မှုတွေကြားထဲဆက်မနေနိုင်တော့, ထိုအရာကကျမအားမည်သည့်နေရာသို့မှခေါ်ဆောင်သွားနိုင်သည်မှမဟုတ်ပဲလေ။ တကယ်ဖြစ်ပျက်ခဲ့သမျှကိစ္စတွေကိုမျက်နှာချင်းဆိုင်ရင်ဆိုင်၍ သင်ခန်းစာယူရမည်။ အတိတ်ကအကြောက်တရားတွေကိုတော့ပြောင်းလဲနိုင်ဖို့မဖြစ်နိုင်ပေမယ့်လည်း ကျမ၏အနာဂတ်ကိုမူကားပိုပြီးကောင်းမွန်အောင်, အလားအလာကောင်းတွေနှင့်ပြည့်နှက်နေအောင်ကြိုးစား၍ရသည်ပဲ။

ထို့ပြင် Jongin အားကျမလက်ထပ်ခဲ့လျှင် နောက်ပိတ်ဆုံးတွင်တော့ ကျမတစ်ချိန်လုံးဝတ်ထားခဲ့သောဆံပင်တုအကြောင်းနှင့် ရည်ရွယ်ချက်ရှိရှိဖြင့်ကျမ၏အသွင်အပြင်အားဖုံးကွယ်ထားခဲ့သည့်အကြောင်းတို့ကိုလည်းသူသိသွားမည်ပင်။ မေးခွန်းများစွာတို့ကသူ့ပါးစပ်မှထွက်လာပေမည်။ ဘာလို့လဲ... ဘာလို့လဲ... ဘာလို့လဲ... ?

I See YouWhere stories live. Discover now