Chapter 8

5.3K 564 4
                                    

I See You

Chapter 8

By: Footprint_treza

CR to: original

*~*~*~*~*~*~*~*~*~*~*~*~*~*

Soo's POV

နေ့တိုင်းမပြတ် Kim Kai ၏ကော်ဖီကိုဖျော်သည့်မိန်းကလေးအဖြစ်အလုပ်လုပ်ခဲ့တာ 6 လရှိခဲ့ပြီ။

နေ့စဉ်လုပ်ရိုးလုပ်စဉ်တွေကတော့ - မနက်၃နာရီလောက်ဆိုအိပ်ချင်မူးတူးနှင့်ထ - ၃နာရီခွဲမနက်စာစား - ပြီးလျှင် ၅နာရီမတိုင်ခင်သူ့တိုက်ခန်းကိုရောက်နေရအောင် ၄နာရီလောက်မှာအနီးဆုံးဘတ်စ်ကားမှတ်တိုင်ကိုပြေးရသည်။

ဟုတ်ပါသည်။ ဒါကအိပ်မက်ဆန်ဆန်အလုပ်တစ်ခုဖြစ်ပါသည်။ လစာအများကြီးနှင့်အလွန်လွယ်ကူသည့်အလုပ်။ ဘီလျံနာတစ်ယောက်အတွက်ကော်ဖီဖျော်ပေးရုံပဲရှိသည်။

မနက်ခင်းတစ်ခုမှာ Mr.Kim သူကော်ဖီတောင်းသည်။ ခါတိုင်းတောင်းနေကြအချိန်မဟုတ်ပဲ, အခြားချိန်မှာတောင်းခြင်းတစ်ခုပဲ အနည်းငယ်ထူးခြားနေ၏။

များသောအားဖြင့်,၅နာရီဆိုသူထပြီဖြစ်၏။ ထိုအချိန် ကျမလည်းသူ့စာကြည့်ခန်းထဲသွားကာ ကော်ဖီသွားချပေးရသည်။ ကျမဝင်သွားတိုင်း သူအမြဲအလုပ်ရှုပ်နေသည်ချည်းဖြစ်သည်။ ကျမကိုတစ်ချက်လှည့်ကြည့်ဖို့တောင်မအား။ တစ်ခါတလေ,ထမင်းစားစားပွဲမှာချပေးရ၏။ အောက်ထပ်က Gym ခန်းမတွင် လက်ဝှေ့ထိုးဖို့မသွားခင်,သူသောက်လေ့ရှိသည်။ တခါတရံ,သူရေချိုး, ခေါင်းလျှော်, အလုပ်သွားဖို့အဝတ်အစားတွေလဲပြီးမှ လာသောက်သည်။

သူမနက်စာကိုယ်တိုင်ချက်သည့်အချိန်ကျရင် မီးဖိုချောင်ထဲမှာစားပြီး, စားဖိုမှူးချက်ပါက ထမင်းစားစားပွဲမှာပဲစားတတ်၏။ သူ့စိတ်အခြေအနေပေါ်မှာပဲမူတည်ပါသည်။ အချို့နေ့များမှာဆို မနက်စာတောင်မစားပဲ ကော်ဖီပဲတောင်းတတ်၏။

Sunny ကျမကို message ပို့ပြီးအလုပ်လာစရာမလိုတဲ့အကြောင်းပြောသည့်အခါမျိုးလည်းရှိ၏။ Mr.Kim သူအလုပ်ကိစ္စနှင့်တစ်ပတ်နှစ်ပတ်, အခြားနိုင်ငံတွေရောက်နေသည်တို့, အခြားနယ်တွေရောက်နေတာမျိုးတို့ရှိတတ်သည်လေ။

ကျမအတွက်ကတော့ - သူမမြင်နိုင်သည့်နေရာတွေမှာပဲနေဖို့ကြိုးစားခဲ့၏။ သူ့ကော်ဖီပြင်ပေးပြီးသည်နှင့် အလုပ်သမားနားနေဆောင်၌ Sunny နှင့်တူတူအိမ်အလုပ်ကူလုပ်ပေးရင်းနှင့်ပဲနေလာခဲ့သည်။ အလုပ်သမားတွေလည်း Kim Kai မခေါ်ပဲနှင့်သူ့ကိုတွေ့ခွင့်မရှိ။ သည်တော့သူအိမ်မှာရှိနေလျှင် အလုပ်သမားတွေကသူနှင့်မဆုံနိုင်အောင်ပဲလုပ်ကြ၏။

I See YouWhere stories live. Discover now