Chapter 16

5.7K 551 13
                                    

I See You

Chapter 16

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*

Kai's POV

~Flashback~

"Annyeon, မင်းနာမည်ဘယ်လိုခေါ်လဲ?" Bar counter တွင် တစ်ယောက်တည်းထိုင်နေသောမိန်းကလေးတစ်ယောက်ကို ကျွန်တော်စကားသွားစသည်။ သူ့ပုံကအနည်းငယ်သောက်ထားပေမယ့်လည်း ဣနြေ္ဒပျက်နေသည့်ပုံမပေါက်။ ထိုအချက်ကိုအခွင့်ကောင်းယူပြီး သူ့နှင့်နီးကပ်ဖို့ကြိုးစားသည်ပဲဆိုရမည်။

သူဒီဘားကိုဝင်လာကတည်းက ကျွန်တော်သတိထားမိ၏။ အဲ့သည်အချိန်တည်းကသူ့ကိုလိုက်ကြည့်နေမိသည်။ သူ့ဆီကနေမျက်လုံးမခွာနိုင်ပဲ, သူ့အလှကကျွန်တော့်ကိုအံ့သြလေးစားစေ၏။

အင်း...ဘယ်သူကများမအံ့သြပဲနေနိုင်မှာလဲ? ဒီလိုလှပပြီး ဆွဲဆောင်မှုအပြည့်ရှိသည့်အမျိုးသမီးတစ်ယောက်က ဘယ်ယောက်ျားလေးဆီကမှအကြည့်ကိုမရပဲမှမဖြစ်နိုင်သည်ပဲ။

သူ့ခန္ဓာကိုယ်နှင့်တသားတည်းကျနေသည့်အနီရောင်ဝတ်စုံရယ်, ခွာသွယ်သွယ်ချွန်းချွန်းအနီရောင်ဒေါက်ဖိနပ်နှင့် သူဟာတကယ့်ကိုရွှန်းစိုလှပနေသည်။ သူ,ငယ်သေးပုံရ၏, အလွန်ဆုံးရှိလှ ၂၀လောက်ပေါ့။ ခပ်မို့မို့တက်နေသောသူ့ပါးလေးရယ်, မျက်လုံးဝိုင်းဝိုင်းကြီးကြီးလေးက သူ့မျက်နှာသေးသေးလေးနှင့်အရမ်းကိုလိုက်ဖက်နေ၏။ ပန်းနုရောင်အသည်းပုံနှုတ်ခမ်းဖူးဖူးလေးကလည်း သူရီလိုက်ရင်နှစ်လိုဖွယ်အပြည့်ကောင်းမည့်ပုံ...။ မျက်နှာပေါ်ဝဲနေသည့် Ginger ရောင်ဆံပင်ခပ်ရှည်ရှည်က သူ့ကိုပြီးပြည့်စုံအောင်ပံ့ပိုးပေးထားသလိုဖြစ်နေ၏။ သူ့အပြင်ပန်းအသွင်အပြင်ကကျွန်တော့်အသည်းနှလုံးထဲမှာ ဂယက်ထနေစေသည်။ 'Arrshii! ဘယ်မိန်းကလေးကမှ ငါ့ကိုဒီလိုဖြစ်အောင်မလုပ်နိုင်သေးဘူး..'

တစ်နာရီကုန်သွားသည်အထိ သူ့ကိုဒီလိုပဲစောင့်ကြည့်နေမိသည်။ ယောက်ျားတွေလည်းသူ့ဆီကိုချဉ်းကပ်လာကြတာ ခဏခဏပင်။ ဒါပေမယ့်သူကတော့သူ့ခေါင်းကိုပဲခါပြီး, အခြားဘက်ကိုလှည့်လိုက်တာမျိုးပဲလုပ်နေခဲ့သည်။ သူ့ဆီကပ်လာသည့်ယောက်ျားတွေကို အရေးတယူကြီးလုပ်မနေ။ သူနှင့်ပါလာသည့်မိန်းကလေးသူငယ်ချင်းတစ်ယောက်နှင့် bar counter မှာပဲထိုင်ပြီးသောက်နေ၏။

I See YouWhere stories live. Discover now