Chapter 22

5.4K 530 8
                                    

I See You

Chapter 22

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*

Soo's POV

"Wow! ကြည့်စမ်း! သွားတွေလှတာ! ညိ, နင်သွားထိန်းတွေမပါပဲနဲ့ပိုလှတယ်." ဧည့်ခန်းမှာ TV ထိုင်ကြည့်နေသော LuLu ကပြောသည်။

"ဒီသတ္တုတွေမရှိတော့လို့နည်းနည်းတော့နေရခက်သလိုပဲ.. သွားတွေကချောချောကြီးဖြစ်သွားပြီး နည်းနည်မခိုင်ချင်လာသလိုကြီးခံစားရတယ်." ကျမသွားဖြဲပြုံးပြလျက် LuLu အားပြန်ပြောလိုက်၏။

"Awwwwwwwww... ပြုံးလိုက်တာအရမ်းချစ်ဖို့ကောင်းတာပဲ ညိ."

"အင်း. ကျေးဇူးပဲ Lu." ပြောဆိုရင်းပင် ကျမလွယ်အိတ်ကိုစားပွဲပေါ်တင်လိုက်ပြီး ပက်လက်ကုလားထိုင်ပေါ်သွားလှဲနေလိုက်၏။

"ဒါနဲ့ unnie, ငါလေ Kris oppa နဲ့ chatting ထိုင်ဖြစ်ခဲ့သေးတယ်, နည်းနည်းတော့ကြာပါပြီ."

"တကယ်?" ကျမအရမ်းကြိုက်ခဲ့ရသည့် crush နာမည်ကိုကြားလိုက်ရရုံနှင့်တင်အနည်းငယ်တော့အလန့်တကြားဖြစ်သွားခဲ့ရ၏။ အရင်တုန်းကလို မဟားတရားရင်ခုန်လာသည့်ပုံစံမဟုတ်ပဲ ကြည်နူးဝမ်းသာခြင်းဖြစ်သည်။

သူ့ကိုနောက်ဆုံးတွေ့တာလေးနှစ်လောက်ရှိပြီဆိုပေမယ့်လည်း သူ့ကိုကြိုက်နေဆဲပင်ရှိသေးသည်။ တစ်ခါတရံကျမစိတ်ထဲသူ့အတွေးတွေကတရစ်ရစ်ဝဲလျက်ကျန်နေတုန်းပင်။ လက်ဖျစ်တစ်ချက်တီးလိုက်ရုံနှင့်သူ့ကိုမေ့ပစ်ဖို့ကလွယ်ကူသည့်အလုပ်မှမဟုတ်ပဲ။ သူကကျမ၏အချစ်ဆုံးသူငယ်ချင်း, အစ်ကိုတစ်ယောက်လို, အကြံပေးတစ်ယောက်လိုနှင့်ပေါ့။

သို့သော်ကျမ၏ရွှေမင်းသားကတော့ပြောင်းလဲခဲ့ပါပြီ။ ကျမညအခါအိပ်မက်မက်သည့်အခါ ကျမရွှေမင်းသား၏ဆံပင်အရောင်က ရွှေရောင်ဖျော့ဖျော့မှ အမည်းရောင်သို့ပြောင်းသွားခဲ့ပြီ။ သူ့ကိုယ်လုံးကိုယ်ပေါက်လည်းပြောင်းလာခဲ့သည်။ သူစကားပြောသည့်လေသံကတောင်မှ အမိန့်ဆန်ပြီး ဆွဲဆောင်မှုရှိလာခဲ့သည်။

အကြောင်းရင်းကိုကျမသိပါသည်။ Jongin ကြောင့်ပေါ့။

ကျမကိုကျမတောင်မထိန်းလိုက်နိုင်ပဲသူ့ကိုချစ်မိသွားခဲ့ပြီ။ ဘယ်သူကရောအဲ့လိုမဖြစ်ပဲနေနိုင်မှာတဲ့လဲ? ကျမနှင့်သူနှင့်ကနေ့တိုင်းတွေ့နေရသည်လေ။ သူကရင်သပ်ရှုမောလောက်အောင်ချောမောသည်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိသည်၊ သိပ်ဉာဏ်ကောင်းသည်၊ အလုပ်ကြိုးစားသည်၊ ပျော်တတ်သည်။ သူတကယ်ပျော်တတ်ပါသည် - တစ်ခါကဆိုရင်သူ့ဟာသများကြောင့်ကျမခွက်ထိုးခွက်လန်ရီခဲ့ရဖူးသည်။ ကျမတို့နှစ်ယောက်အတူရှိနေသည့်အချိန်မျိုးဆိုသူကအခြားယောက်ျားတစ်ယောက်ကဲ့သို့ပင်, သူနှင့်ကျမကြားတွင်ဆက်သွယ်မှုတစ်ခုခုရှိမည်ဟုကျမခံစားရသည်။ ကျမတို့နှစ်ယောက်တည်းသာနားလည်နိုင်သည့်ဆယ်နွယ်မှုမျိုးပေါ့။

I See YouWhere stories live. Discover now