Chapter 10

6.2K 584 8
                                    

I See You

Chapter 10

By: Footprint_treza

CR to: original

*~*~*~*~*~*~*~*~*

Soo's POV

"Unnie, နင့်လက်ချောင်းတွေကဘာဖြစ်တာလဲ?" LuLu သူကျောင်းကပြန်ရောက်တာနှင့်ကျမကိုမေးသည်။

"ရှရာလေးတွေပါ..ဒီမနက် Mr.Kim ရဲ့ကော်ဖီကိုလွှတ်ကျသွားတာ"

"Oh! ငါပြောကြည့်မယ်..နင်သူရှေ့မှာလွှတ်ကျသွားတာမလား?" သူကျမလက်ကိုယူလိုက်ပြီး လက်ချောင်းတွေကိုသေချာကြည့်၏။

"အင်း"

"ပြီးတော့ဖန်ကွဲတွေကိုနင့်လက်နဲ့ကောက်တယ်?"

ကျမခေါင်းညိတ်ပြလိုက်တော့ LuLu,သူခေါင်းခါ၏။

"ငါကြောင်သွားတာ,ရပြီလား..သူငါ့ကိုအော်တယ်,ငါ့ကိုဖြစ်ကတက်ဆန်းနိုင်တယ်တို့,ဂရုမစိုက်ဘူးတို့... "

"တုံးတယ်တို့ဘာတို့ရော.."Lulu ထပ်ပေါင်းပြီးပြောလိုက်သည်။

"Arr..umm.." ကျမ Lulu ကိုရှင်းပြချင်ပါသည်, ကျမဖန်ကွဲတွေကိုကောက်တော့မှ Mr.Kim ကကျမကိုတုံးသည့်ဟုပြောသည့်အကြောင်းကို....။ ဒါပေမယ့်..ထားပါတော့..သိပ်အရေးကြီးလှသည့်အရာမှမဟုတ်ပဲ။

"ဟ..နင့်ကိုများအဲ့လိုတွေပြောရတယ်လို့.. သူအကန်ခံချင်တဲ့ပုံပဲ.. ငါသူ့ကိုသွားလုပ်ထည့်လိုက်နိုင်ရင်ကောင်းမယ်"

"ဆုတောင်းလေ" ကျမသူ့ကိုရယ်ပြီးပြောလိုက်၏။ "သူကအဲ့လောက်မလွယ်ဘူးအေ..သူလက်ဖျစ်လေးတစ်ချက်တီးလိုက်တာနဲ့, နင့်ကိုရော..ငါ့ကိုရော.,အကုန်ဒုက္ခရောက်အောင်လုပ်နိုင်တယ်"

"သူတော်တော်ရက်စက်တာပဲ" မီးဖိုချောင်ထဲမှထွက်လာသည့် မေမေတစ်ယောက် ကျမတို့စကားဝိုင်းထဲဝင်လာ၏။

"ဟုတ်တယ်..သူ့ဝန်ထမ်းတွေကိုလွယ်လွယ်နဲ့အလုပ်ဖြုတ်ပစ်နိုင်တယ်.. ဒီမနက်တောင် သူသမီးကိုအလုပ်ထုတ်ပစ်တော့မယ်လို့ထင်ထားတာ" ကျမရှုံ့မဲ့မဲ့နှင့်ပြောလိုက်၏။ အလုပ်ဖြုတ်ပစ်ဖို့ဆိုတာ ကျမတို့အတွက်အဆင်ပြေနိုင်စရာလမ်းမမြင်ပါ။ ကျမ Mr.Kim ဆီတွင်အလုပ်လုပ်သည့်အချိန်ကစပြီး ကျမတို့နေရသည်မှာ ပိုပြီးအဆင်ပြေပြေသက်တောင့်သက်သာဖြစ်လာပါ၏။

I See Youحيث تعيش القصص. اكتشف الآن