Chapter 14

6.1K 582 14
                                    

I See You

Chapter 14

By; Footprint_treza

CR to: original

*~*~*~*~*~*~*~*~*~*~*~*~*

Kai's POV

"Sooကော်ဖီကိုဘယ်လိုမြင်လဲ? အရမ်းစွဲနေတယ်မလား?" ကျွန်တော် Chanyeol ကိုမေးလိုက်၏။ လွန်ခဲ့သောအပတ်,Soo အလုပ်စဝင်သည့်နေ့မှစ၍ သည်ရုံးခန်းထဲတွင်ကော်ဖီစက်တစ်ခုဝယ်လိုက်ခြင်းဖြစ်သည်။

Chanyeol တစ်ယောက်တခစ်ခစ်နှင့်ရီသည်။ "ငါ့ကောင်ကြီး, ငါပြောတော့မပြောချင်ဘူး, ဒါမယ့်.. ငါထင်တာတော့ မင်း starbuck ကော် ဖီကိုသောက်ကြည့်သင့်တယ်ထင်တာပဲ."

'ငါမပြောချင်ပေမယ့်...ငါထင်တာတော့ ငါ့အတွက် best friend နောက်တစ်ယောက်ကိုရှာရတော့မယ်ထင်တယ်.. ဘာလို့လဲဆိုတော့ Soo ရဲ့ကော်ဖီကိုမင်းစော်ကားလိုက်လို့'
ကျွန်တော်သူ့ကိုထိုသို့ပြောပစ်လိုက်ချင်ပြီး သုံးစက္ကန့်အတွင်း သူ့ကိုသေအောင်ထိုးပစ်လိုက်ချင်ပေမယ့်..... လုပ်၍မဖြစ်..... ကျွန်တော်ကထိုကဲ့သို့လူစားမျိုးမှမဟုတ်တာ, ကျွန်တော်ကစီးပွားရေးသမားတစ်ယောက်။ လူသတ်သမားတစ်ယောက်မှမဟုတ်တာဟုပဲတွေးလိုက်ရတော့သည်။

နောက်ပြီးတော့, ChanYeol က ကျွန်တော့် best friend ဖြစ်သည်။ သူ့ထင်မြင်ချက်ကိုကျွန်တော်လေးစားပါ၏။ လူတိုင်းမှာသူ့အတွက်ကြိုက်နှစ်သက်မှုဆိုတာရှိစမြဲပဲလေ။ ပစ္စည်းတွေပဲဖြစ်ဖြစ်, ကော်ဖီပဲဖြစ်ဖြစ်ပေါ့။

"ငါကောလိပ်မှာ Starbucks ကော်ဖီတွေကို ဂါလန်နဲ့ချီပြီးသောက်ခဲ့ပြီးပြီ ဟရောင်, ဒါပေမယ့်..လုံးဝပဲ.. Soo ကော်ဖီနဲ့လုံးဝမတူဘူး."

"အဲ့လိုဆို မင်းရဲ့အရသာခံတဲ့အာရုံမှာတစ်ခုခုလွဲနေပြီထင်တယ်." ChanYeol ရီ၏။ "ဒါမှမဟုတ်လည်း မင်းအပြုစားခံထားရပြီထင်တယ်."

"ဘာလဲ, မင်းပြောတာ Soo ကိုပြောချင်တာလား?" ကျွန်တော် Chanyeol ပြောသည့်စကားသံကိုမကြိုက်ပါ။ အပြုစားခံရသည်ဆိုသောစကားက Sooကိုရည်ရွယ်ဖို့အတွက် သုံးဖို့ကောင်းသည့်အသုံးအနှုန်းတော့မဟုတ်ပေ။

"ဟုတ်တယ်လေ.. ခုနငါတို့စကားပြောနေတဲ့နာရီအတောအတွင်းမှာလည်း မင်းသူ့နာမည်ကိုဆယ်ကြိမ်မကပြောနေတာလေ."

I See Youحيث تعيش القصص. اكتشف الآن