Chapter 3

7.4K 606 7
                                    

I See You

Chapter 3

By: Footprint_treza

Cr to: original

*~*~*~*~*~*~*~*~*~*~*

Soo's POV

"ခဏ!!! စောင့်ဦး!!! လိုက်ဦးမယ်!!!!! ခဏ!!!" ကျမသေမလောက်ပြေးပြီး ဘတ်စ်ကားမှတ်တိုင်ကနေထွက်တော့မည့်ဘတ်စ်ကားကိုအော်တားလိုက်ပေမယ့်မမှီတော့...။

"သွားပြီ!!" အမောတကောနှင့်ပြေးလာပြီးတော့မှ မမှီဆိုတော့ စိတ်ပျက်မှုနှင့်အတူ ကျွန်မညည်းညူမိသည်။ ဘတ်စ်ကားထွက်သွားပြီ။ 'မှီဖို့နည်းနည်းလေးပဲလိုတော့တဲ့ဟာကို..ခုတော့ နောက် 15min နာရီဝက်ထပ်စောင့်ရတော့မယ်' ။ ကျွန်မတစ်ခါမှ အလုပ်မနောက်ကျဖူးပါ။ 'ခုတော့ သွားပြီ!!! မနေ့ညက အရမ်းပင်ပန်းပြီး အိပ်ပျော်လွန်သွားတာ' ကျမကိုကလည်းနုံပါသည်။ Alarm ပေးပြီးမှအိပ်ဖို့မေ့သွားခဲ့ခြင်းဖြစ်သည်။

Mrs.Chang ကိုဖုန်းဆက်ပြီး နောက်ကျမည်ဆိုသည့်အကြောင်းပြောလိုက်သည်။ Mrs.Chang ဖုန်းနံပါတ်ကို ကျမဖုန်းcontacts တွေထဲမှာရှာနေတုန်း မထင်မှတ်ပဲ Kris ၏ contact name ကိုတွေ့လိုက်သည်။ .သြော်..မနေ့ညကသူ့ဖုန်းနံပါတ်ကိုထည့်ခဲ့ခြင်းဖြစ်၏။ ဖုန်းဆက်ဖို့, Message တွေပို့ပြီးဆက်သွယ်ဖို့ဆိုသည့်ရည်ရွယ်ချက်တွေဘာမျှတော့မရှိ...။ သည်အတိုင်း LuLu ကပေးသဖြင့်ယူလိုက်သည်လောက်ပါပဲ။ Kris အကြောင်းတွေကျမခေါင်းထဲရောက်လာပြန်ပါပြီ..။

****Flashback starts****

Kris က ကျမငယ်ငယ်တုန်းက အိမ်နီးနားချင်းတစ်ယောက်။ သူကသိပ်ကိုစမတ်ကျသောယောက်ျားတစ်ယောက်...။အရပ်ရှည်သည်..ချောသည်..သူ့၏ရုပ်ရည်ချောမောပြေပြစ်မှုအပြင် သူကစိတ်ထားလည်းကောင်းသည့်သူတစ်ယောက်လည်းဖြစ်ပါ၏။ ကိုယ့်ကိုကိုယ်ချိုးနှိမ်တတ်သည်. ထက်မြက်သည်.. ဘာသာတရားကိုင်းရှိုင်းသည်.. နောက်ပြီး အရမ်းလည်း သနားကြင်နာတတ်ပါ၏။

ကျမတွေ့ဖူးသမျှသူတွေအနက် Kris က အကြင်နာတတ်ဆုံးလူတစ်ယောက်ဟုဆိုရပေမည်။ ကျမလိုချင်သည့်, ယောက်ျားတစ်ယောက်တွင်ရှိရမည့် အရည်အချင်းတွေအကုန်သူ့မှာရှိသည်..။သူကကျမရဲ့ရွှေမင်းသားလေးပါပဲ။

သူနှင့်ကျမက Best friend တွေအဖြစ်အတူတူကြီးပြင်းလာခဲ့သည်။ ကျမတဖြည်းဖြည်းအရွယ်ရောက်လာတော့ သူ့ကိုကျမရဲ့ချစ်သူအဖြစ်သတ်မှတ်ခဲ့ပါသည်။ တစ်ဖက်သတ်သတ်မှတ်ခဲ့ခြင်းသာဖြစ်ပါသည်,သူကတော့သိမည်မထင်ပါ..။ စိတ်ကူးတွေယဉ်ခဲ့ဖူးသည်...ကျမတို့နှစ်ယောက်လက်ထပ်ပြီး ရဲတိုက်ကြီးထဲမှာ တသက်လုံးပျော်ပျော်ရွှင်ရွှင်နေသွားသည်တို့စသဖြင့်...။

I See YouWhere stories live. Discover now