Chapter 29

5.2K 539 36
                                    

I See You

Chapter 29

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*~*

Soo's POV

ဘာလုပ်၍ဘာကိုင်ရမှန်းမသိဘဲတစ်ယောက်တည်းဂနာမငြိမ်ဖြစ်နေမိသည်။ Jongin ကျမကိုသိပ်စိတ်ဆိုးနေသည်။ သူKrisဖက်ထားတာကိုလည်းမြင်သွားခဲ့တာသေချာသည်။

Kris ကို မနာလိုသဝန်နေတာဖြစ်မည်။

စိတိပျက်စွာသက်ပြင်းချလိုက်ပြီး ဝရံတာလက်ရန်းဘောင်ကိုမှီရပ်နေမိသည်။ Jongin သူဘာဖြစ်သွားတာလဲ? Kris နှင့်ကျမကဖက်ရုံတင်လေးဖက်ထားခဲ့သည်ပဲ။ သူငယ်ချင်းတွေအနေနှင့်သာ။ သူငယ်ချင်းတွေလည်းအချင်းချင်းဖက်ကြသည်လေ။ Jongin ကသာလွန်လွန်ကဲကဲတုံ့ပြန်နေခြင်းဖြစ်သည်။ ကျမရှင်းပြနိုင်ဖို့အခွင့်အရေးပင်သူမပေးခဲ့။ ကျမသူ့အပေါ်လှည့်စားသစ္စာဖောက်နေသည့်ပုံပင်ချက်ချင်းဖမ်းလိုက်သေး၏။

'ငါတို့လက်တောင်လက်မထပ်ရသေးဘူး မင်းကငါ့အပေါ်သစ္စာဖောက်နေပြီ' ဆိုသောသူ့စကားကြောင့်ကျမဘယ်လောက်ထိဒေါသထွက်နေရသလဲဆိုတာသူမြင်နိုင်မှာတော့မဟုတ်ပါ။

သူ့အပေါ်သစ္စာဖောက်တယ်? သူ့အဲ့လိုများတကယ်ပြောခဲ့သလားလို့? ကျမတို့စေ့စပ်ပွဲက"အတုအယောင်"တစ်ခုသာပဲ။ မကြာမီလာတော့မည့်လက်ထပ်ပွဲအပါအဝင်ပေါ့။ သူ့မှာမနာလိုဖြစ်ပိုင်ခွင့်ရှိမှမရှိဘဲ။ သူကကျမ၏ချစ်သူရည်းစားလည်းမဟုတ်။ ကျမတို့ကသရုပ်ဆောင်နေခြင်းသက်သက်ဆိုသည့်အကြောင်းအား သူမေ့သွားပုံရ၏။

ပြီးတော့ သူလည်းဘာမျှမထူး။ Krystal နှင့်အတူတူရှိနေသည့်သူ။ လွတ်လပ်သက်သာစွာ တစ်ယောက်နှင့်တစ်ယောက်နီးကပ်ပျော်ရွှင်စွာကနေခဲ့ကြသည်ပင်။ သူတို့သာစေ့စပ်စုံတွဲတွေလိုပေါ့။ သူတို့နှစ်ယောက်အတူရှိနေမည့်အကြောင်းအားတွေးကြည့်မိရင်းပင် စိတ်ထဲအကြီးအကျယ်ပူပန်လာမိသည်။ သဝန်တိုမှုကကျမအားညှဉ်းပန်းနှိပ်စက်နေပြန်ပါပြီ။

.....ခု Jonginဘယ်မှာလဲ?

ကျမသိပ်စိတ်ပူလာ၏။ ရူးသွပ်သည့်မည်သည့်အရာမှ သူမပြုလုပ်မိရန်သာမျှော်လင့်မိပါ၏။ သူအမျက်ဒေါသကြီးနေစဉ် ကားကိုအရှိန်အမြင့်ဆုံးမောင်းနှင်သွားသည့်အချက်က ကျမအားထိတ်လန့်ကြောက်ရွံ့စေပါသည်။ ဆိုးရွားသောတစ်စုံတရာသူကြုံတွေ့ရမည်ဆိုလျှင်တော့ ကျမကိုကျမဘယ်တော့မှခွင့်လွှတ်နိုင်မည်မဟုတ်ထင်သည်။ ကျမသူ့ကိုချစ်သောကြောင့် မည်သည့်နာကျင်မျိုးမှသူ့အားမခံစားရစေလိုပါ။

I See YouWhere stories live. Discover now