Chapter 23

5.7K 591 32
                                    

I See You

Chapter 23

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*

Soo's POV

ပြင်သစ်ရှန်ပိန်သောက်ရင်း လက်ထပ်ပွဲအခမ်းအနား၌ Jongin ၏တစ်ဝမ်းကွဲညီ SeHun နှင့်တွဲကနေမိသည်။ စိတ်နှလုံးပူဆွေးမှုတွေကိုမြေမြှပ်မေ့ပစ်နိုင်ဖို့ကြိုးစားနေလိုက်သည်။ Kris အကြောင်းမေ့ထားလိုက်ပြီး ဤည၏ပျော်ရွှင်စရာကောင်းသောအချိန်လေးကိုပါဝင်ဆင်နွှဲနိုင်ဖို့အားထုတ်နေရပါ၏။

သူငါ့ကိုမချစ်ခဲ့ဘူး......သူငါ့ကိုမချစ်ခဲ့ဘူး! သူ့ညီမလေးတစ်ယောက်လိုပဲ ငါ့ကိုသဘောထားခဲ့တာ။ သူ့အကြောင်းမေ့ပစ်ပြီး ရှေ့ဆက်သင့်နေပြီ။

ကျမငယ်ပါသေးသည်.... အခုအချိန်မှာ Kris ပဲဖြစ်စေ, တစ်ပါးသူတွေပဲဖြစ်စေ ကျမလက်ထပ်ဖို့အဆင့်သင့်မဖြစ်သေး။ ပညာရေးလည်းဆုံးခန်းမတိုင်သေး, နေ့စဉ်နေ့တိုင်းငွေကုန်ပေါက်တွေ၊ လစဉ်ဘေတွေ၊ အမေ့အတွက်ထောက်ပံ့စရိတ်တွေ။ နောက်ကြည့်လျှင်လည်း LuLu ကသိပ်မကြာခင်တွင်ကောလိပ်တက်ရတော့မည်။ ထို့အတွက်ကျမတို့ပိုက်ဆံတွေအများကြီးစုဆောင်းထားရမည်။ အမေအိမ်မဲပေါက်တာကိုပဲ ကျမအလွန်ကျေးဇူးတင်မိပါ၏။ လတိုင်းအိမ်ငှားရမ်းအတွက်စိတ်ပူစရာမလိုတော့ပြီလေ။

ဘယ်သူကယောက်ျားတစ်ယောက်အလိုရှိနေသေးလဲ? ကျမမဟုတ်တာတော့သေချာပါသည်။

လှည့်လည်သဝေထိုးနေသည့်စားပွဲထိုးလေးတစ်ယောက်အနားရောက်လာသောအခါ သူ့ဆီမှရှမ်ပိန်ခွက်ရှည်တစ်ခွက်ကိုလှမ်းယူလိုက်သည့်အချိန် Jongin ကျမဘေးသို့လွှားခနဲပေါ်လာ၏။

"မင်းပျော်နေတဲ့အတွက်ငါဝမ်းသာပါတယ်."

သူ့ဘက်သို့လှည့်လိုက်ပြီး သူ့ကိုမျက်နှာချင်းဆိုင်လိုက်၏။ မီးခိုရောင် tyxedo အင်္ကျီနှင့် ညှို့ဓာတ်အပြည့်ပါသောအပြုံးလေးကိုသူ့နှုတ်ခမ်းပေါ်တင်ထားပြီး ရပ်ကြည့်နေသည်မှာ သိပ်ကိုခံ့ညားလွန်းနေ၏။

"အင်း... လက်ထပ်ပွဲကြီးကအရမ်းလှတယ်နော်.. နတ်သမီးရုပ်ရှင်တွေထဲကအတိုင်းပဲ." ပြောပြီး ခွက်၏တစ်ဝက်လောက်ကိုသောက်ချပစ်လိုက်သည်။ သူ့မျက်လုံးတွေကမူ ကျမကိုယ်ပေါ်အပေါ်အောက်ကြည့်နေပြီး သူဘာကြောင့်ကြည့်နေရသလဲဆိုတာကိုကျမသိချင်လာ၏။ နောက်ပြီး အစွန်းအထင်းအနည်းငယ်စွတ်စိုနေသော ကျမ၏ခရမ်းရောင်ဖဲဂါဝန်နှင့် တစ်လက်မဒေါက်ငွေရောင်ဖိနပ်တွေကိုငုံ့ကြည့်ပြီး ကျမမျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။

I See YouWhere stories live. Discover now