Chapter 15

5.7K 545 5
                                    

I See You

Chapter 15

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*

Soo's POV

ကျမတို့အိမ်အသစ်ကတကယ့်ကိုအဆိုးထဲကအကောင်းပါပဲ။ အိပ်ခန်း၎ခန်းနှင့် ရေချိုးခန်းက၂ခန်း, ပြီးတော့ပရိဘောဂအပြည့်အစုံနှင့်တော်တော်ကြီးကိုအဆင်ပြေပါသည်။ Kim Company နှင့်လည်းဘဘော့နည်းနည်းပဲကျော်ရသည်။ အလုပ်အတွက်လည်းပိုလို့တောင်အဆင်ပြေနေသေးတာပေါ့, ကျမတို့ဒီအိမ်ကိုခရစ်စမတ်အကြိုနေ့မရောက်ခင်တစ်ရက်ကပြောင်းလာလိုက်ခဲ့ခြင်းဖြစ်သည်။ ကျမတို့အရမ်းကိုစိတ်လှုပ်ရှားခဲ့ရပါသည်။ အထူးသဖြင့် LuLu တစ်ယောက်ပေါ့၊ သူ့ကုတင်သစ်ပေါ်ကနေခုန်ပေါက်နေတာကိုမရပ်တော့...သူ့၏ပန်းရောင်အိပ်ခန်းအသစ်ထဲမှာပေါ့။

ကျမအလုပ်နဲ့တော်တော်နီးသွားသည့်အချက်ဟာကျေနပ်စရာပါပဲ။ မနက် ၇နာရီ bus ကားကိုမှီဖို့အတွက်နှင့်အရမ်းအစောကြီးထစရာလည်းမလိုတော့...။အိမ်ငှားရမ်းခတွေ, ကားခတွေအတွက်ပူစရာမလိုတော့ပဲ ပိုက်ဆံတွေလည်းပိုပြီးစုလာနိုင်တော့မည်။ နောက်တစ်ချက်က LuLu. လည်းသူ့ကျောင်းနှင့်နီးနီးလေးဖြစ်သွားပြီ။

ကျမအမေအိမ်ကိုမဲပေါက်တာခြင်းနှင့် ခရစ်စမတ်နှင့်ကတကယ့်ကိုတိုက်ဆိုင်မှုကြီးပါပဲ။ ခရစ်စမတ်လက်ဆောင်ရလာသည်ထင်ပါရဲ့။ ဖေဖေကလည်းကျမတို့ကိုကြည့်နေမှာကို သေချာသိသည်။ သူကျမတို့ကိုဘယ်တော့မှစွန့်သွားသည်မဟုတ်။

ကျမတို့မိသားစု၏စွန့်လွှတ်အနစ်နာခံမှုတွေကနောက်ဆုံးမှာတော့ ကျမအပေါ်တန်ပြန်သက်ရောက်မှုရှိလာခဲ့ပါပြီ။ ကံကောင်းမှုတွေကကျမတို့အပေါ်သွန်းလောင်းလာခဲ့သည် - ကျမ၏အလုပ်အသစ် personal assistant, college တက်ရန်ကျမအိပ်မက်, ခုတော့အိမ်အသစ်...။

ဖေဖေဆုံးပြီးသည့်နောက်ပိုင်းလုပ်ခဲ့သည့်ခရစ်စမတ်တွေအနက် သည်နှစ်သည်ပျော်ရွှင်စရာအကောင်းဆုံးဖြစ်ခဲ့ပါသည်။ ကြက်ဆင်သားနှင့်ကျင်းပကြသည်လေ!ညစာကတော့အတော့်ကိုပြည့်စုံကောင်းမွန်ခဲ့ပါသည်, အကြောင်းမူကား Kim International Holding Corp ၏ဝန်ထမ်းတိုင်းကိုစားသောက်ကုန်တွေအိတ်လိုက်ပေးပြီး ခရစ်စမတ်ဘောနပ်စ်တွေလည်းပေးလိုက်သေးတာကိုး...။

I See YouWhere stories live. Discover now