Chapter 35 (EPILOGUE)

7.9K 519 20
                                    

I See You

Chapter 35 (Epilogue)

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*~*

"အရမ်းလှတာပဲ ငါ့သမီးက" မေမေ့မျက်လုံးတွင် မျက်ရည်တွေဝေ့ဝဲနေလျက်ပြောသည်။ "နင့်ဘေးကနေလမ်းလျှောက်ပေးမယ့် နင့်အဖေသာရှိရင်သိပ်ကောင်းမှာပဲ"

"မေမေ၊ မေပြောနေတာသုံးခေါက်ရှိနေပြီ၊ သမီးမငိုချင်ဘူးနော်၊ ဒါမင်္ဂလာပွဲနေ့"

"ဆောရီး.. ငါအရမ်းစိတ်လှုပ်ရှားသွားတယ်၊ မေမေတို့လက်ထပ်တဲ့နေ့ကိုတောင်သတိရလာပြီ... ပြီးတော့ ဒီမှာ မေမေ့သမီးလေးကလက်ထပ်တော့မယ်? ခုထိမယုံနိုင်သေးဘူး" အနည်းငယ်ထိုင်းမှိုင်းလာသောပတ်ဝန်းကျင်ကိုရွှင်မြူးလာစေဖို့ သူချက်ချင်းပြုံးလိုက်၏။ အဖြူရောင်ဇာလက်ကိုင်ပုဝါလေး၏ထိပ်နှင့် သူ့မျက်ရည်စတွေကိုဖြည်းညင်းစွာသုတ်လိုက်သည်။ ကျွန်မတို့သည် Jonginနှင့်အတူလက်ထပ်ပွဲကျင်းပမည့် အဖြူရောင်ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲသို့သွားနေသော အဖြူရောင်မှန်လုံဇိမ်ခံကားကြီးပေါ်သို့ရောက်နေခြင်းဖြစ်သည်။

ပခုံးသိုင်းကြိုးမပါသည့် သိပ်ကိုလှပသောအဖြူရောင်ဂါဝန်တွင် ဘော်ကြယ်စိန်ပွင့်လေးတွေအပြည့်စီခြယ်ထားသည်။ မင်္ဂလာဝတ်စုံနှင့်လိုက်ဖက်စေရန် သုံးလက်မအဖြူရောင်ဒေါက်မြင့်လေးကိုပံ့ပိုးပေးထား၏။ ဆံပင်ကိုခပ်မြင့်မြင့်ထုံးထားပြီး စိန်သရဖူလေးကဦးခေါင်းထက်တွင်ပေါ်လွင်ထင်ရှားလို့နေသည်။ ကျွန်မ၏အညိုတောက်တောက်မျက်လုံးဝိုင်းဝိုင်းလေးကိုပိုမိုလေးနက်စေဖို့ လိမ်းခြယ်ပေးထားသည့်မိတ်ကပ်တွေကတော်ဝင်ဆန်နေလေ၏။

မေမေ့လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ သူ့အား အားပေးလိုက်သည်။ သူအလွန်စိတ်လှုပ်ရှားနေပြီး ပျော်ရွှင်နေသည်။ သည့်အပြင် ကျွန်မကအိမ်မှထွက်ခွာတော့မည်ဖြစ်သောကြောင့် သူဝမ်းနည်းနေသည်။ သူနှင့် LuLuကိုထားခဲ့ရတော့မည်ကို သူဝမ်းနည်းနေပါသည်။ ကြိမ်ဖန်များစွာပင် ထိုအကြောင်းနှင့်ပက်သက်၍အလွန်အမင်းစိတ်မထိခိုက်ရန် ကျွန်မသူ့ကိုပြောပြခဲ့သည်။ သူကကျွန်မကိုဆုံးရှုံးသွားမည်မဟုတ်ပါ၊ အဲ့သည့်အစား သားတစ်ယောက်ထပ်ရသေးသည်။ Jonginနှင့်ကျွန်မက သူနှင့်LuLuအတွက်ဆို အမြဲအသင့်ရှိနေပါလိမ့်မည်။

I See YouWhere stories live. Discover now