Chapter 11

5.5K 525 6
                                    

I See You

Chapter 11

By: Footprint_treza

CR to: original

*~*~*~*~*~*~*~*~*

Kai's POV

"Ok လေ..ဦးလေးကြီး, ဒါဆိုပြောပြမယ်.. သူဥရောပကိုခရီးရှည်ကြီးထွက်သွားတယ်.. ခင်များကြီးသူ့ကိုထပ်မြင်ရတော့မှာမဟုတ်ဘူး..သူငယ်ငယ်တုန်းကအချစ်ဟောင်းကြီးနဲ့ပြန်တွေ့ပြီးလိုက်သွားပြီ"

Soo ကအခြားယောက်ျားတစ်ယောက်နှင့်ဆိုကြောင်း တွေးမိရုံနှင့်တင် ကျွန်တော်အသက်ရှူကျပ်လာသည်။ 'Shit! ဘာဂရုစိုက်ရမှာလဲ? ငါသူ့ကိုမလိုချင်ဘူး, သူ့ကော်ဖီကိုပဲလိုချင်တာ.'

သို့သော် သည်ကလေးမလိမ်နေတာပဲဖြစ်မည်။ Soo က သူ့မိသားစုကိုထားပြီး ဘယ်နေရာမှသွားမည်မဟုတ်။ သူကသူ့မိသားစုကိုအရမ်းချစ်ပြီး သည်မိသားစု၏ပိုက်ဆံရှာသူပဲ။ သည်ကြွက်စုတ်မလေးကလည်း သူ့ကိုမှီခိုနေရသည်လေ။

"Oh.. ဒါဆိုရင်တော့တော်တော်ဆိုးသွားပြီ.. ငါ့ကိုချက်ချင်းလာတွေ့ဖို့ Soo ကိုပြောလိုက်, မဟုတ်ရင်သူ့ကိုဖမ်းရလိမ့်မယ်.. သူခွဲခဲ့တဲ့ခွက်ကသူ့လစာရဲ့တစ်သက်စာလောက်ရှိတယ်.. အဲ့ဒီခွက်ကတရုတ်မင်းဆက်အဆက်ဆက်က ဆက်ခံလာတဲ့ရှားပါးနန်းသုံးခွက်.. မင်းလည်းမင်းအစ်မကို ထောင်ထဲမှာပဲ ခရစ်စမတ်မလုပ်စေချင်ဘူးမလား?"

ဒေါသအပြည့်နှင့်သူ့မျက်နှာတွင် ကြောက်လန့်မှုများအစားဝင်ရောက်လာ၏။ "N...No...မဖြစ်ဘူး"

"ဒါဆိုလိမ်လိမ်မာမာနေ, ပြီးတော့ငါဘာအတွက်နဲ့လာခဲ့တဲ့အကြောင်း မင်းအစ်မကိုပြောလိုက်.. ငါ့ကိုလာတွေဖို့ ၂၄နာရီအချိန်ရမယ်.. အဲ့ဒီအချိန်လွန်သွားတာနဲ့ သူ့ကိုငါထပ်ပြီးအခွင့်အရေးပေးတော့မှာမဟုတ်ဘူး.. အကျိုးဆက်ကိုသူပဲခံစားရမှာနော်.. သူငါ့ကိုပြန်ဆပ်ချင်ဆပ်, ဒါမှမဟုတ်သူ့ဘဝတစ်လျှောက်လုံးထောင်ထဲမှာနေပေါ့.. မင်းငါ့ကို ဒီတစ်ခါတော့နားလည်မယ်ထင်ပါတယ်"

"N....Nae."

"တွေ့လား? ခုတောင်လိမ္မာစပြုနေပြီ" ကျွန်တော်သူ့ခေါင်းကိုသာသာပုတ်၍ ထွက်လာလိုက်သည်။ ကျွန်တော့်ကိုသူငေးလျက်ကျန်နေခဲ့သည်ကိုတော့သတိထားမိလိုက်ပါသည်။

I See YouOnde histórias criam vida. Descubra agora