Chapter 31

6.2K 562 50
                                    

I See You

Chapter 31

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*~*

အမှန်တော့ ကျွန်တော်က ဒီည တရုတ်မှာပဲရှိနေရမည်ဖြစ်သော်လည်း ရင်းနီးမြှပ်နှံသူတွေနှင့်ဆွေးနွေးတိုင်ပင်ပွဲအား အတိုချုပ်သာလုပ်ဖို့ဆုံးဖြတ်ခဲ့၏။ သူတို့ ကျွန်တော့်အတွက် စီစဉ်ပေးသည့် စပါယ်ရှယ်ညစာစားပွဲအားတက်ရောက်ဖို့ကိုတောင် ယဉ်ယဉ်ကျေးကျေးငြင်းပယ်ခဲ့သေး၏။

ဒီမနက် Soo ကိုဖုန်းခေါ်စဉ်က သူ့အပြောတစ်ခွန်းက ကျွန်တော့်အားတစ်ချိန်လုံးစိတ်အနှောင့်အယှက်ပေးနေခဲ့သည်။ 'ပန်းတွေအတွက်ကျေးဇူးပဲနော်.. ကျမနှင်းဆီပန်းရောင်ကြိုက်မှန်းဘယ်လိုသိတာလဲ?'တဲ့။

ကျွန်တော် သူ့ကိုဒီနေ့ပန်းတွေမပို့ပေးခဲ့ပါ။ ပြီးတော့ နှင်းဆီပန်းရောင်?? သူ နှင်းဆီပန်းရောင်ကြိုက်တတ်မှန်းလည်း ကျွန်တော်သိတောင်မသိခဲ့ရ။ သေစမ်း!

သူ့ကိုထိုပန်းတွေပို့နိုင်မည့်သူက ကျွန်တော်တွေးနိုင်သည့် လူတစ်ဦးသာရှိသည်။ ကျွန်တော်သူ့ကိုသိခြင်းထက် သူ့ကိုပိုသိသည့်တစ်ဦးတည်းသောသူ။ ဟို ဆရာဝန်။

ကျိုးပဲ့ပျက်စီးနေသည့်အသံသွင်းစက်တစ်ခုလို Soo ၏စကားက ကျွန်တော့်နားထဲထပ်ခါတလဲလဲရစ်ပတ်နေ၏။ *Kris ကကျမရဲ့ရည်းစားတောင်မဟုတ်ခဲ့ဘူး....ကျမ.....ကျမကသာသူ့ကိုကြိုက်ခဲ့ရုံပါပဲ, ခုတော့လည်း ဘာမှမဟုတ်တော့ပါဘူး။ သူကကျမရဲ့သူငယ်ချင်းကောင်းပါ*

သူဘယ်လောက်တောင် ထိုလူကြီးကိုကြိုက်ခဲ့သလဲဆိုတာကိုကျွန်တော်သိချင်မိသည်။ ခေါင်းတစ်ချက်ရမ်းလိုက်ကာ ရှည်လျားလှသောသက်ပြင်းရှည်ကြီးကိုသာချလိုက်မိသည်။ Soo၏စကားကို ကျွန်တော် အခိုင်အမာယုံကြည်လှသည်တော့မဟုတ်။ ကျွန်တော့်ဒေါသတွေကိုဖြေလျှော့ပေးဖို့အတွက်သာ ပြောပေးခြင်းလည်းဖြစ်နိုင်သည်။

ထိုဆရာဝန်ကကြည့်ကောင်းသောယောက်ျားတွေထဲတော့ပါပါသည်, နဂိုလား ဆိုးထားသလားမခွဲနိုင်သောရွှေအိုရောင်ဆံပင်နှင့် တီဗီဇာတ်လမ်းအချို့မှ မိန်းကလေးတွေအားညှို့နိုင်ဆွဲဆောင်နိုင်သောဇာတ်ကောင်မင်းသားတစ်ယောက်၏ ပုံစံနှင့်ပင်တူနေသည်။ သူ့၏လိမ်လည်လှည့်ဖျားထားသော အပြစ်ကင်းစင်သည့်ပုံစံမျိုးကို မိန်းကလေးတိုင်းကြွေကျကြလိမ့်မည်။ ထိုမိန်းကလေးတွေထဲတွင် Sooလည်းတစ်ဦးအပါအဝင်ပင်။

I See YouWhere stories live. Discover now