Chapter 12

6.5K 600 18
                                    

I See You

Chapter 12

By: Footprint_treza

CR to: original

*~*~*~*~*~*~*~*~*~*~*~*~*

Soo's POV

Mr.Kim, သူ့desk ခုံနောက်မှာထိုင်ပြီး, ဖုန်းပြောနေရင်းအလုပ်တွေရှုပ်ယှက်ခတ်နေသည်။ ကျမဝင်လာသည်ကိုတစ်ချက်တောင်မျှလှည့်မကြည့်ပဲ, သူ့လက်ပတ်နာရီကိုကြည့်လိုက် စားပွဲကနာရီကိုကြည့်လိုက်နှင့် အလုပ်တော်တော်များနေ၏။ စားပွဲပေါ်၌လည်း စာရွက်စာတမ်းတွေပွထနေသည်; သူလက်မှတ်ထိုးရမည့်စာတမ်းတွေဖြစ်ကောင်းဖြစ်နိုင်ပါသည်။

သူ့ရှေ့မှာရပ်နေရင်းသူ့ပုံကိုကြည့်နေမိ၏။ ကြော့မော့နေအောင်ဖြီးထားသည့် အနက်ရောင်ဆံပင်က သူ့ခေါင်းပေါ်တွင်တောက်ပြောင်လျက်ရှိနေ၏။ သူ့ပုံကလန်းဆန်းနေကာ မုတ်ဆိတ်တွေလည်းပြောင်အောင်ရိတ်ထားဟန်တူသည်။ မျက်နှာလေးကရှင်းလို့နေသည်။ မီးခိုရောင်အနောက်တိုင်းဝတ်စုံက သူနှင့်လုံးဝကြည့်ကောင်းနေ၏ - ကြမ်းတမ်းသည်, သြဇာအပြည့်ရှိသည်, ခန့်သည်, ဟုတ်ပါသည်။ လုံးဝ Bad boy တစ်ယောက်၏အသွင်အပြင်စင်စစ်ပင် - ပြီးတော့ကျမသူ့ကိုမုန်း၏။

ငါးမိနစ်; သူဖုန်းပြောတာပြီးဖို့ သူ့ရှေ့မှာရပ်စောင့်နေတာငါးမိနစ်လောက်ရှိနေပြီ။ နောက်တော့, သူ့ဖုန်းကိုစားပွဲပေါ်ချလိုက်ပြီး ကျမကိုမော့ကြည့်သည်။
"ထိုင်ပါ, Miss.Do"

"Nae." ကျမသက်ပြင်းချလိုက်ကာ သူ့စားပွဲရှေ့ကထိုင်ခုံမှာထိုင်လိုက်၏။ ကျမဒေါသတွေကိုထိန်းပြီး အတတ်နိုင်ဆုံးယဉ်ယဉ်ကျေးကျေးဖြစ်ဖို့ တော်တော်ကြိုးစားနေရ၏။ ရှေးဟောင်းခွက်နှင့်ပက်သက်ပြီး သူချင့်ချင့်ချိန်ချိန်တွေးပေးနိုင်ဖို့ ကျမမျှော်လင့်နေမိသည်။

"အဲ့တော့.. မင်းမနက်ဖြန်စနိုင်မလား?"

"ရှင်?"

သူ့မျက်ခုံးတွေကိုမေးခွန်းဆန်စွာပင့်တင်လိုက်သည်။ "အဲ့ဒါကြောင့်မို့ပဲ မင်းဒီမှာရောက်နေတာလေ, င့ါဆီမှာပြန်အလုပ်လုပ်ဖို့."

ကျမအံကြိတ်မိသည်။ ဒီငနဲသားကကျမဒေါသတွေကိုလာဆွနေသည်။ သူ့ကော်ဖီကိုဖျော်ပေးဖို့အတွက် ကျမဒီကိုရောက်လာသည်ဟု သူ့ကိုသူစိတ်ကြီးဝင်နေပြန်ပြီ။ 'အပေးအယူလုပ်ဖို့လာတယ်ပေါ့လေ?'

I See YouWhere stories live. Discover now