Chapter 21

6.4K 619 18
                                    

I See You

Chapter 21

By; Footprint_treza

Cr to; original

*~*~*~*~*~*~*~*~*~*~*

Soo's POV

ထိန်းချုပ်လို့မရခဲ့သောမျက်ရည်တွေကြောင့် အမြင်အာရုံတွေပိတ်ဖုံးလာခဲ့ပြီး အသက်မရှူနိုင်မွန်းကြပ်လာခဲ့သည်။ ပါးပြင်နှစ်ဖက်ပေါ်အဆီးအတားမရှိစီးကျလာခဲ့တဲ့မျက်ရည်တွေကြောင့် အမြန်မတ်တပ်ထလိုက်ရပြီး မိန်းကလေးသန့်စင်ခန်းသို့အမြန်ထွက်သွားလိုက်ရ၏။

ကျမ Jongin ကိုမပြောမဆိုနှင့် ဝုန်းခနဲထသွားခဲ့သည့်အတွက်သူကတော့ကျမကိုအတော်ရိုင်းသည်ဟုထင်နေတော့မည်။ 'ဒါပေမယ့် ငါဘာလို့ဂရုစိုက်နေရမှာလဲ?' သူကိုယ်တိုင်ကအဲ့လောက်ထိရိုင်းနေတာ။ ကျမကိုဘယ်လိုထိခိုက်စေမည်ဆိုတာကိုလည်းသူမတွေးခဲ့။

အေးစက်စက်ရေတွေနှင့်ကျမမျက်နှာကိုခပ်ကြမ်းကြမ်းဖြန်းလိုက်သည့်အခိုက် ကျမအသိတွေပြန်ဝင်လာခဲ့သည်။ သူဟာအရင်လိုပဲ အကြင်နာမဲ့တဲ့သူ၊ နတ်ဆိုး၊ တွေ့ဖူးသမျှယောက်ျားတွေထဲမှ အထက်စီးအဆန်ဆုံးလူ။ ဟ! ကျမသူ့ကိုပြောင်းလဲခဲ့ပြီဟုထင်ခဲ့မိသည်။ 'First impressions last' ဆိုသည့်ဆိုရိုးစကားကိုကျမဘယ်သောအခါမှမယုံခဲ့ပေ။ သို့သော်အခုသူ့ကိစ္စတွင်တော့ ထိုဆိုရိုးစကားလောက်မှန်သည့်အရာမရှိတော့။ သူကဘယ်တော့မှပြောင်းလဲမည့်သူမှမဟုတ်ပဲ။ တစ်ခါ devil ဖြစ်ဖူးရင် တသက်လုံး devilပဲ!

စိတ်ပျက်မိသည်။ ဒေါသထွက်သည်။ ဝမ်းနည်းပက်လက်ဖြစ်ရသည်။

ရင်ဘတ်မှစူးခနဲအောင့်သောနာကျင်မှုနှင့် ကျမစိတ်တွေဝရုန်းသုန်းကားဖြစ်၍နေသည်။ ဟုတ်တယ်။ သူမှန်သည်……သူအမြဲတမ်းမှန်သည်။ ကျမကိုကတုံးလွန်းခဲ့တာ……သူ့ကိုမှချစ်ခဲ့ရတယ်။

ကျမငိုချင်စိတ်ကိုအောင့်အီးသော်လည်းမရ။ သိပ်နာကျင်ရသည်။ သူကကျမအား ခပ်တုံးတုံး၊ ပေါတောတော၊ အရူးတစ်ယောက်လိုမြင်နေသည့်အချိန် ကျမကတော့ သူကျမကိုဂရုစိုက်လာပြီ……ကြိုက်တောင်ကြိုက်လာပြီဟုထင်နေခဲ့သည်။

ကျမအလုပ်အပေါ်ဘယ်လောက်ထိ အားထုတ်လုံ့လစိုက်ခဲ့ရသည်ကိုဘုရားသာသိသည်။ ကျမထိုအရာကိုအရမ်းလိုလားနေခဲ့၍မဟုတ်…...သူ့အတွက်..… သူပျော်တာကိုမြင်ချင်ခဲ့သည့်အတွက်။ စီးပွားရေးအကြောင်းမှန်သမျှနားလည်အောင်, သူနှင့်ရင်ဘောင်တန်းနေရအောင်ကျမလေ့လာခဲ့သည်။ သူကျမကိုအကြံပေးသည့်အရာအားလုံးကိုတလွဲမသွေကျမလုပ်ဆောင်ခဲ့သည်၊ ရုံးစာရွက်တွေကနေ သူ့ကိုယ်ရေးကိုယ်တာကိစ္စတွေအထိ။ ကျမအလုပ်နှင့် 'သူ့'ကို ကျမမိသားစုထက်တောင်ဦးစားပေးကိစ္စအဖြစ်အမြဲထိပ်တန်းထားခဲ့သည် – မနှစ်ကကျမအမေမွေးနေ့, သူနှင့်အတူတိုကျိုတွင်ရှိနေခဲ့သည်၊ LuLu ၏ကျောင်းစုံညီပွဲနေ့, Jongin ၏မိသားစုတွေ့ဆုံပွဲ၌ရောက်နေခဲ့သည်။ သူအရမ်းမတရားလွန်းသည်။ ကျမသူ့အမိန့်ပေးမှုနောက်ပဲလိုက်နေခဲ့သည့်အချိန်မှာ သူကတော့ ခုJapan Shipping Lines ကိစ္စတွင်စာချုပ်ဆုံးရှုံးရသည့်အတွက်ကျမကိုအပြစ်တင်နေသည်။ သူ့အမိန့်ကိုစောင့်ခိုင်းခဲ့သည့်အတွက် ကျမစောင့်နေခဲ့တာပဲ။

I See YouUnde poveștirile trăiesc. Descoperă acum