Extra Part III (နားလည်မှုတို့နှင့် တည်ဆောက်ထားသော ၂)

1.5K 123 2
                                    

Love, But Hurt S2 Extra Part III ( နားလည်မှုတို့နှင့်တည်ဆောက်ထားသော 2)

" ဟင်းး..............."

အန်းလု လှုပ်ရှားမှုကြောင့် သတိ၀င်လာတော့ သူကားတစ်စီး၏နောက်ခန်းထဲတွင်ဖြစ်သည်။ သူ့အပေါ်တွင်ကုတ်အင်္ကျီတထည်ကိုခြုံပေးထားပြီး ရှေ့တွင်တော့ ထိုပိုင်ရှင်က ကားမောင်းနေလေ၏။ အန်းလု နိုးလာသော်လည်း အမူးမပြေသေးပေ။ သူ၀ေ၀ါးသော အကြည့်တို့နှင့်ပင် ထိုလူကိုကြည့်ကာ

" ရှန်းရှန်း....ပေကျင်းကို ဘယ်လိုဖြစ်ပြီး ရောက်နေတာလဲ။ မ...မနက်ဖြန်မှ...ပြန်လာရမှာလေ..."

အန်းလု မည်မျှပင်အကြည့်တို့၀ေ၀ါးနေစေကာမူ သူ့အပေါ်ခြုံလွှမ်းထားသော ထိုလူ၏ကုတ်အင်္ကျီမှကိုယ်သင်းရနံ့ကို သူအသိဆုံး၊ အရင်းနှီးဆုံးဖြစ်တာမို့ သူနှစ်ခါပြန်စဉ်းစားစရာပင် မလိုပါချေ။ ချီရှန်းက ကားကိုမောင်းနေရင်းမှ သူ့ကိုတချက်ပြန်လှည့်ကြည့်လိုက်ပြီး ရှေ့ကိုသာပြန်ကြည့်လိုက်သည်။

" အင်း ကိုယ်အမှီပြန်လာလိုက်တာ... မင်း မူးနေတော့မယ်ဆိုတာ သိလို့လေ။ "

ထိုအတိုင်းပါပင်။ အန်းလု သူ့ကိုဖုန်းလှမ်းဆက်ကာသတိပေးသည့် အချိန်ကသူမှာလိုက်မိသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အန်းလုလည်းမလွန်ဆန်နိုင်ခဲ့လျှင် သောက်မိလိမ့်မည်ကို သူတွက်ဆခဲ့ပြီးသား။ ထို့ကြောင့် ကိစ္စတွေကို အမြန်လက်စသတ်လိုက်ရပြီး ပြန်လာခဲ့ခြင်းဖြစ်သည်။ အန်းလုမူးရင် ထိန်းရမလွယ်။ သူပုံစံနှင့် တစ်ခုခုဖြစ်သွားမှာကိုလည်း သူတကယ်စိတ်ပူသည်။

"......"

အန်းလုမှာ ထိုစကားကြောင့်သူ၏အသိစိတ်က အနည်းငယ်ရှင်းလင်းလာလေ၏။ သူရှေ့က ကားမောင်းနေသည့် ချီရှန်းကိုကြည့်လိုက်ပြီးတဲ့နောက် ခေါင်းကိုပြန်ငုံ့ကာ မျက်လုံးတွေကိုမှိတ် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်ရင်း အော်လေတော့သည်။

" ကားရပ်လိုက်!!!!!!!!!"

အန်းလု၏ အော်လိုက်သည့်အသံကြောင့်ချီရှန်းမှာ ချက်ချင်းပင်ကားကို လမ်းဘေးထိုးရပ်လိုက်ရ၏။ သူ အန်းလုကိုအလန့်တကြားလှမ်းကြည့်ကာ

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now