အပိုင်း ၂၅

11.4K 1.2K 62
                                    

"ဝူချန်ဖန်း.............."

"အမလေး....လန့်တာ...."

ဝိုင်ခွက်လေး အသာလှုပ်ရင်း.
သောက်မည်ကြံကာ ပါးစပ်နားတေ့လိုက်စဉ်
ထွက်ပေါ်လာသော အသံကြောင့်
လူက တုန်တတ်သွားသည်။

ထိုအသံက ရှီးယန်၏အသံပင်။
အိမ်ထဲသို့ဒုန်းဆိုင်းဝင်ရောက်လာပြီး သူ့အား
စူးစိုက်ကြည့်နေသည်။

"ဘာဖြစ်လာလို့လည်း..."

"မင်း...အကိုချီရှန်းကို ဘာသွားလုပ်ပြန်ပြီလည်း
သူသာ တစ်ခုခုဖြစ်သွားရင်
ငါမင်းကို ခွင့်လွတ်မှာမဟုတ်ဘူး...."

ချန်ဖန်းက သူကိုင်ထားသော
ဝိုင်ခွက်လေးအား အသာလှုပ်ကာဆော့နေလိုက်သည်။

"ဟား...သူကမင်းကိုတိုင်တယ်ပေါ့
ထင်တောင်မထားဘူး...အဲ့ကောင်ကသရဲဘောကြောင်တာပဲ "

"သရဲဘောကြောင်တာမင်းမဟုတ်ဘူးလား
ပြော...သူ့ကိုဘာသွားလုပ်လိုက်တာလည်း...."

ရှီးယန်က ချန်ဖန်း၏ရင်ဘတ်အင်္ကျီစအား
ဆွဲလိုက်သည်။
ချန်ဖန်းက ဝိုင်ခွက်ကို ဘေးရှိ
စားပွဲနားတွင်ချလိုက်ပြီး

"အဲ့ကိစ္စကို ထားလိုက်ပါတော့
ဒါနဲ့ မင်းကို စိတ်ဝင်စားစရာကောင်းတာ
တစ်ခုပြောပြမယ်.....ထိုင်.."

"ဘာအကြောင်းလည်း....."

"အရင်ထိုင်စမ်းပါ..."

ချန်ဖန်းက ရှီးယန်၏ ပုခုံးနှစ်ဖက်ကို
ဆွဲကိုင်လိုက်ပြီး ဘေးရှိ ထိုင်ခုံပေါ်တွင် ထိုင်ချစေသည်။

"မင်းသိလား...လီချီရှန်းက
မင်းအပေါ်မှာ ဖုံးကွယ်ထားတာတွေအများကြီး
ရှိနေတယ်ဆိုတာ...ဥပမာ..ဒီဆေးကိစ္စလိုမျိုးပေါ့...."

ချန်ဖန်းက ဆေးဗူးတစ်ဗူးအား
လက်ထဲတွင် ဆုပ်ကိုင်ကာပြသည်။

"အဲ့တာ...ဘာလည်း..."

"ဒါလား....အကိုက်အခဲပျောက်ဆေး...."

"ဟား...အကိုက်အခဲပျောက်ဆေးက
ဘာများ ထူးဆန်းလို့လည်း....ငါသိတာပဲ
ဒါက သူ့ဒဏ်ရာအတွက် နောက်ဆက်တွဲခံစားရတဲ့
အခြေအနေပဲလေ ပုံမှန်သောက်ရင် အဆင်ပြေလာမှာပဲ ငါဆရာဝန်နဲ့တိုင်ပင်ထားပြီးသား...."

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now