အပိုင်း ၃၁( Final part)

20.3K 1.9K 265
                                    

အန်းလု သူ၏မျက်ဝန်းများကို
ဖြေးညှင်းစွာ ဖွင့်လိုက်သည်။

လာပြန်ပီ ဆေးရုံမျက်နှာကျက်ကြီး။
ဘေးတွင် ချီရှန်းက ကုတင်ပေါ်ခေါင်းအုံးကာ
အိပ်ပျော်နေပုံရသည်။
ပြီးတော့ သူ့လက်ကိုလည်း ဆုပ်ကိုင်ကာထားသေးသည်။

အန်းလု ထရန်ုပြင်လိုက်တော့
ဘယ်ဘက်ဝမ်းဗိုက်မှ နာကျင်မှူကိုခံစားလိုက်ရသည်။

"အ့....."

(ဟုတ်သား...ငါဓားထိုးခံရတာ....)

ချီရှန်းက အန်းလု လှုပ်လာတာကို
ခံစားမိသွားပြီ ထလာသည်။
သူက အန်းလုမျက်စိပွင့်နေသည်ကိုမြင်တော့

"အန်းလု...နိုးပြီလား..နောက်ဆုံးတော့...
နိုးပြီပေါ့......"

ချီရှန်း ဘာလူပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေသည်။
အန်းလုက တချက်ပြုံးလိုက်ပြီး

"ကျွန်တော် လဲနေတာဘယ်နှစ်ရက်ရှိပြီလည်း.."

ချီရှန်းက အန်းလုကုတင်ဘေးတွင်ထိုင်လိုက်ရင်း

"သုံးရက်...."

"အွန်း သိပ်မကြာသေးပါဘူး...ကျွန်တော့ကိုထူအုန်း
ထိုင်ချင်လို့ အညောင်းမိနေပြီ...."

ချီရှန်းက အန်းလုထိုင်နိုင်ရန်
ဖြေးဖြေးချင်း ကုတင် ခေါင်းရင်းဘက်ကို
ကုတင်ဘေးနားရှိ ခလုတ်တစ်ခုကိုနှိပ်ကာ မြင့်ပေးလိုက်သည်။

"ဝိုး...ဝိုး...မိုက်လိုက်တာ...."

"ဘာ မကြာသေးဘူးလည်း....
ကိုယ့်မှာ စိတ်ပူလိုက်ရတာ သုံးနှစ်လောက်ကြာသလိုပဲ.......အဲ့လိုမလူပ်နဲ့လို့ပြောထားတယ်လေ..

တော်သေးတယ် ဓားက အတွင်းကလီစာတွေကို
အများကြီးမထိခိုက်သွားလို့...."

ခီရှန်းက အန်းလုကိုခေါင်းပုတ်ကာ
ဆူလိုက်သည်။
အန်းလုက ခေါင်းလေးငုံ့လိုက်ပြီး
ရီပြသည်။

"ရှန်းရှန်းကို ကာကွယ်ရရင်ကျေနပ်ပါတယ်
ကျွန်တော် သေရလည်း.....ဟီး...."

"နောက်တစ်ခါ လုံးဝထပ်မလုပ်ရဘူး
ခွင့်မလွှတ်ဘူးနော်....."

"အင်းပါ....အာ..ဒါနဲ့....
ရှီးယန်ကိစ္စရော ဘယ်လိုဖြစ်သွားပြီလည်း....".

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now