Extra Part (ဟန်းနီးမွန်း)(ဟန်းနီးမွန်း )

16.2K 1.3K 111
                                    

"အန်းလု။ ကိုယ်ကူသိမ်းပေးရအုန်းမလား။"

"မလိုပါဘူးနော်။ ကျွန်တော် က စားပွဲထိုးလေ။ ကျွန်တော့အလုပ်ကျွန်တော်လုပ်မှာ။"

အန်းလုက customerတွေ ပြန်ပြီးနောက်တွင် ကျန်ခဲ့သော ကော်ဖီခွက်တစ်ချို့နှင့် မုန့်အကျန်များကို သိမ်းဆည်းနေသည်။ ချီရှန်းက တဖက်တွင် အလူပ်ရှုပ်နေဆဲပင်။
အန်းလုက စားပွဲအား ခုံသုတ်ဝတ်ဖြင့် သေချာစွာသုတ်နေသည်။ သူက ဒီအလုပ်လုပ်ရသည်ကို အလွန်ကြိုက်သည်။ အဓိကသည်က ချီရှန်းနှင့်အတူ အလုပ်လုပ်ရသောကြောင့်ပင်။

အန်းလုက စားပွဲကိုသုတ်လိုက်ပြီး နောက် ထိုစားပွဲဘေးရှိ ထိုင်ခုံကို ဆွဲကာထိုင်လိုက်ပြီး စားပွဲပေါ်မေးထောက်လျက်ပင် ပြင်ပသို့ငေးကြည့်နေလိုက်သည်။ ချီရှန်းက ကော်ဖီစေ့များကို ကြိတ်စက်ဖြင့် ကြိတ်နေပုံရသည်။ သူက အဖုံးကိုသေချာကိုင်ရင်း အန်းလုကို လှမ်းကြည့်ကာပြုံးသည်။

အန်းလုက အပြင်ဘက်ကို မှန်အကြည်ကိုဖြတ်၍ ကြည့်နေစဉ်မှာပဲ ကောင်လေးတစ်ယောက်က ဒေါသထွက်နေသည့်ပုံစံဖြင့် လျှောက်လာသည်က်ုသူတွေ့ရသည်။ ထို့ကောင်လေး၏ နောက်တွင်က နောက်ထပ်ကောင်လေးတစ်ယောက်က လိုက်လာသည်။ ကြည့်ရသည်မှာ ချစ်သူစုံတွဲ တစ်တွဲ ရန်ဖြစ်နေကြပုံပင်။ ထို ကောင်လေးနှစ်ဦးက အန်းလုတို့ ဆိုင်ရှေ့ရှိ  စင်္ကြန်လမ်းပေါ်တွင် ရပ်လိုက်ကြသည်။ တယောက်ကစိတ်ဆိုးနေပုံပင်။ နောက်တစ်ယောက်ကထိုကောင်လေး၏ ပုခုံးနှစ်ဖက်ကိုကိုင်ကာ စိတ်ဆိုးပြေရန် ချော့နေပုံပင်။

အန်းလုက ထိုမြင်ကွင်းကို စိတ်ဝင်စားစွာကြည့်နေသည်။ တခဏနေတော့ စိတ်ဆိုးနေသည့်ကောင်လေးက ထပ်ကာထွက်သွားပြန်သည်။ ကျန်ရစ်ခဲ့သော ကောင်လေးက ရပ်နေရာမှ ဒူးထောက်ချလိုက်သည်။
အန်းလုက ကြည့်နေလျက်နှင့်ပင် ထအော်လေတော့သည်။

"ဝါး...ရှန်းရှန်းရေ..။ ရှန်းရှန်း ရေ။ လာပါအုန်း။ ကြည့်စမ်း ။ ကြည့်စမ်း။"

အန်းလု၏ အလန့်တကြားအသံကြောင့် ချီရှန်းက လုပ်လက်စကို ရပ်လိုက်ပြီး အန်းလုဆီပြေးလာ​သည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now