အပိုင်း ၃၀

12.2K 1.3K 59
                                    

Love, but hurt s2 part 30 (သူ့အတွက်ကိုယ်လုပ်နိုင်သလောက်တော့)

"ရင်းလုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်တဲ့ ရင်းရှီးယန်ဟာတရားမဝင် မသမာမှုတွေကိုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကိုမနေ့ညက ဓာတ်ပုံတွေနဲ့တကွ internet ပေါ်မှာ ပျံနှံ့နေခဲ့ပါတယ်။ အယောက်သုံးဆယ်နီးပါးရှိတဲ့ လူတစ်စုနဲ့တကွ အခြားသောသူများကိုတရားမဝင်မိုင်းလုပ်သားများအဖြစ် ရောင်းစားခဲ့တယ်လို့ ဓာတ်ပုံများသာမက သက်သေများကပါထွက်ဆိုခဲ့ကြပါတယ်။အများစုက သူနဲ့ အခြေအတင်ဖြစ်ပြီးနောက်ပျောက်ဆုံးသွားကြတာဖြစ်ပြီး သက်သေတွေနဲ့မိသားစုဝင်အများစုကို လာဘ်ပေးပြီး နှုတ်ပိတ်ခဲ့တယ်လို့လည်းဆိုပါတယ် ။
အခု ပြန်လည် ကယ်ဆယ်လာတဲ့ သူတစ်ချို့ကိုဆေးရုံတွင် ကုသမှုများပေးနေပြီး ရင်းရှီးယန်ဘက်ကမူ မည်သည့်စကားတစ်ခွန်းကိုမျှ ထုတ်ပြောခြင်းမရှိသေးပါဘူး။ ရင်းလုပ်ငန်းစုရဲ့ ကုမ္မဏီ ရှယ်ယာများကလည်း တစ်ဟုန်တိုးကျဆင်းလာပြီး ရှယ်ယာရှင်အချို့က ရင်းရှီးယန် အား CEO ရာထူးမှ ဖြုတ်ချရန် အစည်းအဝေးများ ပြုလုပ်ကြမည်ဖြစ်သည်"

တီ****

အန်းလုက TV အားပိတ်ချလိုက်သည်။ချီရှန်းက ကော်ဖီခွက်ကို ကမ်းပေးလိုက်ပြီးသူ့ဘေးတွင် ထိုင်လိုက်သည်။

"သူဘယ်လိုများ လုပ်ရဲတာလည်းမသိဘူးနော်။လူတစ်ယောက်အနေနဲ့ တကယ်ကိုကြောက်စရာပဲ။
ကျွန်တော်တို့တင်မဟုတ်ပဲ ကျွန်တော်တို့လိုနစ်နာသူတွေအများကြီးရှိနေတယ်ဆိုတာတကယ်ကို မယုံနိုင်စရာပဲ......."

"အင်း...ကိုယ်လည်း နည်းနည်းတော့အံ့သြသွားခဲ့တယ်။ဒီနေ့ ဆေးရုံကလူတွေအကုန်လုံးကို မေးမြန်းလို့ပြီးပြီဆိုရင် သက်သေကခိုင်ခုံသွားပြီ။မနက်ဖြန် ရှယ်ယာရှင် အစည်းအဝေး ရှိတယ်။ကိုယ်နဲ့ တစ်ခါတည်းလိုက်ခဲ့နော် ဖြစ်နိုင်ရင်အနားမှာပဲနေ။ ရှီးယန်ကို ရဲလက်မအပ်ရသေးသရွေ့ကိုယ်မင်းကို လွှတ်ပေးထားလို့မရဘူး...."

ချီရှန်းက အန်းလု၏ပါးပြင်ကိုတချက်နမ်းလိုက်သည်။အန်းလုက

"အင်း...ဒါနဲ့ သူတကယ် အစည်းအဝေးကိုလာမယ်လို့ထင်လား....."

"အင်း ကိုယ်ခန့်မှန်းသလောက်ဆိုလာမှာ..........."

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now