အပိုင်း ၂၄

11.2K 1.3K 45
                                    

"အထဲမှာ ဒါရိုက်တာကြီးရှိလား...."

အန်းလုက အတွင်းရေးမှူး ဖေး အား
တံခါးပေါက်ကို လက်ညိုးထိုး၍မေးလိုက်သည်။

"ဒီနေ့ နေ့လည်လောက်မှလာမှာ
မနက်ပိုင်းကို CEO တို့နဲ့ မနက်စာစားဖို့ရှိတယ်.."

"အော်...အဲ့တာဆို
အတွင်းရေးမှူး ဖေး ကျွန်တော့ကို
သင်စရာရှိတာတွေနဲ့ လုပ်စရာရှိတာတွေ
ပြောပြပေးပါ......"

"အင်း......."

မနေ့က ချီရှန်း ပြန်သွားတာကိုပင်
သူမသိလိုက်ချေ။ အတွင်းရေးမှူး ဖေးနှင့်တခြားတစ်နေရာသို့ သွားနေရသောကြောင့်
ထိုအချိန်တွင် ပြန်သွားပုံရသည်။

ချီရှန်းတကယ်ပဲသူ့ကိုမေ့သွားပြီလား။
မဖြစ်နိုင်ချေ။ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ သူ၏ချီရှန်းသည်
ဤကဲ့သို့သူ့အား လွယ်လွယ်မေ့ဖျောက်ပစ်မည့်
လူစားမဟုတ်။ လွန်ခဲ့တဲ့သုံးနှစ်က ဖြစ်ခဲ့သည့်
အဖြစ်အပျက်၏ နောက်ပိုင်းအချိန်များကို
သူမသိလိုက်ပေ။ ထိုအချိန်တွင် ချီရှန်း တစ်ခုခုဖြစ်ခဲ့ပုံရသည်။ ထိုကိစ္စများကိုရှင်းရှင်းလင်းလင်းသိရန်က
ယခု ချီရှန်းအနားတွင်နေ၍ စုံစမ်းရန်သာ။

အကယ်၍တစ်ခုခူကြောင့် မှတ်ဉာဏ်တွေ
ပျောက်ခဲ့သည်ဆိုလျင် သူကပင် ပြန်၍
အားလုံးကိုမှတ်မိစေမည့်သူဖြစ်ရမည်။

လွမ့်သောက်ကသူ၏အိမ်တွင်နေခိုင်းသောကြောင့်
လက်တလော နေစရာအတွက်ပူပန်စရာမလို။
ချီရှန်းကို သူပြန်ရသည်နှင့်တပြိုင်နက်
ဤစိတ်ညစ်စရာကောင်းသော မြို့တွင်နေမည်မဟုတ်။ ချက်ချင်းပင် ပေကျင်းသို့ပြန်မည်ဖြစ်သည်။

အန်းလုက ဖိုင်တွဲတစ်ခူကိုပိုက်လျက်
တွေးနေသည်။

"ချီအန်းလုရှင့်....ချီအန်းလု....
အမ နဲ့လိုက်ခဲ့........"

"အာ....ဟုတ်ကဲ့....."

အတွင်းရေးမှူး ဖေး ၏အော်သံက
သူ့၏အတွေးကို ပြေပျောက်စေသည်။
အန်းလုကအနည်းငယ်ပြုံးလိုက်ပြီးနောက်
သူမခေါ် ရာနောက်လိုက်သွားလိုက်သည်။

......................................

"အားလုံးပဲ...ဒါက ချီအန်းလု....
သူက ဒါရိုက်တာကြီး ရဲ့ အတွင်းရေးမှူး အသစ်ပေါ့"

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now