အပိုင်း ၎

19.4K 2K 173
                                    

"Taxi.....Taxi....."

အန်းလု ကျောင်းနဲ့ မဝေးသောနေရာတွင်ရှိသည့်
မှတ်တိုင်တွင် ကားတားစီးရန်ကြိုးစားနေသည်။
အချိန်မှာ အလွန်လင့်နေသည့်အပြင်
မိုးကပါသည်းနေသောကြောင့်

လိုင်းကားများမရှိတော့သည့်အပြင်
Taxiများကလည်း လူမတင်တော့ပေ။

အန်းလု ဆန့်ထုတ်ထားသော လက်ကို
ပြန်ချလိုက်ပြီး ဘေးတွင် မတ်မတ်ကြီးရပ်နေသော
ချီရှန်းအားမော့ကြည့်လိုက်သည်။

ချီရှန်းက ခေါင်းငုံ့နေလေ၏။
စိုရွဲနေသောအဝတ်တို့မှာ ရေစက်တို့က
တတောက်တောက်ကျလက်။
တီရှပ်အင်္ကျီက ရေစိုနေသောကြောင့်
အသားတွင်ကပ်ထင်နေကာ
ကိုယ်ခန္တာက အတိုင်းသားပင်။
ဆံနွယ်တို့ကလည်း ရှုပ်ပွနေသည့်ထက်မှ
ရေကပါစိုနေသေးတော့
ကြွက်စုတ်လေး မဟုတ်ပဲ ကြွတ်စုတ်ကြီးကဲ့သို့ပင်။

အန်းလု ချီရှန်းပုံစံအားကြည့်ပြီး
ရီချင်သော်လည်း ဤအချိန်သည်ရီရမည်အချိန်မဟုတ်။
မိုးရေထဲလမ်းလျောက်ပြန်ရမည့်အချိန်မို့
ငိုရမလို ပင်ဖြစ်နေတော့သည်။

အန်းလုတို့မှတ်တိုင်တွင်
အမိုးပါသောကြောင့် ထီးနီလေးအား
ဘေးတွင်ထောင်ထားသည်။

အန်းလုက မှတ်တိုင်ရှိထိုင်ခုံတနေရာတွင်
ဝင်ထိုင်လိုက်ရင်း

"ဒီမှာလာထိုင်လေ....."

ချီရှန်းက အန်းလုဘေးရှိထိုင်ခုံတွင်
ချက်ချင်းဝင်ထိုင်လိုက်သည်။

နှစ်ဦးသား ၏ အင်္ကျီတို့သည်လည်း
စိုရွှဲကာနေလေသည်။

အန်းလုက ချီရှန်းအား
မဝံမရဲဖြင့်ကြည့်ရင်း

"အဆင်ပြေရဲ့လား ချမ်းနေလား...
ခနလေးစောင့်ကြတာပေါ့ မိုးစဲသွားရင်ပြန်မယ်..."

"အင်း...ကိုယ်အဆင်ပြေတယ်...."

ချီရှန်းက အန်းလုကို စိုက်ကြည့်နေရင်းမှ
ပြန်ဖြေလိုက်သည်။
အန်းလုကအကြည့်ကိုချက်ချင်းလွှဲလိုက်ပြီး
သူ၏ လက်မောင်းနှစ်ဖက်အား
လက်ဖြင့် ပွတ်သတ်နေသည်။

ထိုအခါချီရှန်းက ချက်ချင်းပင်
သူ၏ အင်္ကျီ အား ချွတ်ရန်ပြင်တော့သည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now