Extra Part II(ဝက်ဝံသုံးကောင်)(ဝက်ဝံသုံးကောင်)

14.9K 1.2K 179
                                    


ကျွန်တော်တို့ လက်ထပ်ပြီး တစ်နှစ်ကျော်လောက်ကြာတော့
ရှန်းရှန်း ကကျွန်တော့ကို ထိတ်လန့်ဖွယ်ကောင်းလွန်းတဲ့စကားတစ်ခွန်းကိုဆိုခဲ့တယ်။
သူ့ကျွန်တော့်အပေါ် လုပ်ရက်လွန်းတယ်ဗျာ။
အရာအားလုံး အဆင်ပြေနေရက်နဲ့ သူဘာလို့ဒီလိုလုပ်ရတာလည်း။
ကျွန်တော်တကယ်ကိုနားမလည်နိုင်ခဲ့ဘူး။

ကျွန်တော့်ရဲ့စိတ်တွေက ယောက်ယက်ခတ်နေခဲ့တယ်။
အတွေးတွေက ချာချာလည်နေပြီး ရှေ့ဆက်ဘာက ဘာမှန်းကိုမသိတော့လောက်အောင်
လမ်းပျောက်နေခဲ့တယ်။

"အန်းလု ကိုယ်မင်းကို ကျောင်းဆက်တတ်ဖို့လေးပဲပြောမိတာပါ။"

ခေါင်းထက်ရှိ ဆံပင်များကို လက်နှစ်ဖက်ဖြင့်အတင်းဆုပ်ကိုင်ကာ
အော်ဟစ်နေသော အန်းလု၏ပါးပြင်အား ချီရှန်းက အနမ်းပေးလိုက်ရင်းပြောလိုက်သည်။
ထို့နောက်သူ့ရှေ့ရှိထိုင်ခုံတွင် ဝင်ကာထိုင်လိုက်ရင်း

"မနက်ဖြန် ကျောင်းသွားအပ်ရအောင်နော်။ ထပ်ပြီး အချိန်မဆွဲနဲ့တော့ ဟုတ်ပြီလား။
တော်ကြာတစ်နှစ်နောက်ကျနေမယ်။"

ချီရှန်းက အန်းလုကို ပြုံးပြလိုက်သည်။ အန်းလုက ချီရှန်း၏အပြုံးအားကြည့်ရင်း
မျက်စောင်းထိုးလိုက်သည်။ထို့နောက်အသံကျယ်ကြီးဖြင့်

"မတတ်ချင်ဘူးလို့။ ကျွန်တော်နဲ့ရွယ်တူတွေအကုန်လုံးက ဘွဲ့ရနေပြီးလို့
အလုပ်တောင်လုပ်နေကြတဲ့အချိန်မှာ ကျွန်တော်က ကလေးလေးတွေနဲ့ ကျောင်းတတ်နေရတဲ့ပုံစံကြီး။
မလုပ်ချင်ဘူး။ မတတ်ချင်ဘူး။အီး...ဟီး..ဟီး...။"

"ဒါ့ကြောင့် အန်းလုကိုလည်း သူတို့လို့ ဖြစ်စေချင်လို့လေ။
ကိုယ်မင်းကို ဘာအတွက်နဲ့မှမျက်နှာမငယ်စေချင်လို့။ အန်းလုဘွဲ့ရပြီးတဲ့အခါကျရင် ကိုယ်က
အန်းလုရဲ့ ဘွဲ့ဓာတ်ပုံကြီးကို ဒီဆိုင်မှာချိတ်မယ်။ အိမ်မှာရောပဲ။ အမ်း အိမ်မှာဆိုရင်တော့ နံရံအပြည့်ကပ်မယ်။"

"ဖူး.....။ အခုမှ ပထမနှစ်တောင်မရောက်သေးပါဘူးနော်။
ယဉ်လိုက်တဲ့စိတ်ကူး။ "

အန်းလုကသူ၏ ​မေးစေ့အား ရှေ့ရှိစားပွဲတွင် တင်လိုက်ပြီး
အောက်ရှိခြေထောက်များကိုမူ ကန်ကျောက်နေသည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now