အပိုင်း ၂

25.6K 2.3K 246
                                    

"အန်းလု.....အန်းလု.....
ကိုယ့်ကိုထားမသွားပါနဲ့..... "

"ရှန်းရှန်း........."

ကျယ်လောင်လှသော အော်သံဖြင့်
ထိုအမည်နာမအား သူတဖန်ထပ်မံကာ
အော်ဟစ်မိရင်း နိုးထလာပြန်သည်။

ဆိုဖါပေါ်တွင် သူအား တင်ကာအိပ်နေစေပြီး
ချီရှန်းက အောက်တွင်ထိုင်လျက်
အန်းလု၏ လက်အား ဆုပ်ကိုင်ကာ
အန်းလုဘေးနား အလွတ်နေရာလေးတွင်
ခေါင်းမှီလျက် အိပ်ပျော်နေသည်။

အန်းလု အိမ်မက်ကြောင့်
ချွေးစေးတို့ပြန်ကာ ကောက်ထိုင်လိုက်သည်။
ဘေးကိုကြည့်မိတော့ သူ့လက်အား
တင်းကျပ်စွာ ဆုပ်ကိုင်ထားသည့်
ချီရှန်း ကိုတွေ့ရသည်။

ဆံနွယ်တို့အား သေချာစွာ
ထုံးတင်ထားပြီး ဖြစ်ကာ ထက်ဝက်ကိုမူ
ကျောဘက်သို့ချကာထားသည်။

ပိတ်လှောင်ကာထားသော
မျက်ခွံတို့သည် ထိတွေ့နိုင်ဖို့ အလှမ်းဝေးသည့်နှယ်။
ဖြောင့်စင်းနေသော နှာတံနှင့်
နှုတ်ခမ်းပါးတို့သည်လည်း
အလွန်ဆွဲဆောင်နိုင်လွန်းလှသည်။

အန်းလု ထိုအိပ်ပျော်နေသောလူသားအား
အတော်ကြာစိုက်ကြည့်နေမိသည်။
သူ၏ လက် ဆုပ်ကိုင်ထားခြင်း
ခံနေရသည်ကိုပင်မေ့လျော့နေသည်အထိ။

ရုတ်တရက် လှုပ်ရှားလာသော
မျက်ခွံများကြောင့် အန်းလုငေးမောနေခြင်းကို
ရပ်တန့်ပစ်လိုက်ကာ
တခြားဘက်သို့အကြည့်လွှဲရန်ပြင်လိုက်သည်။

ချီရှန်းက တဖြည်းဖြည်းထလာလိုက်ပြီးမှ
အန်းလုအား ကြည့်လိုက်သည်။
သူနှင့်ဆန့်ကျင်ဘက်ကိုသာ.
ကြည့်နေသော အန်းလုအား မိမိဘက်လှည့်လာစေရန်

မိမိဆုပ်ကိုင်ထားသော လက်ကို
အနည်းငယ် ဆွဲယူလိုက်သည်။

"ကိုယ့်ထက်အရင်နိုးလို့ပါလား...."

အန်းလုက ဆုပ်ကိုင်ခြင်းခံထားရသော
သူ့လက်ကို သတိရသွားကာ
ရုန်းကန်လေတော့သည်။

(ဒီ အရူးကို ငါဘယ်လိုလုပ်ရမလည်း...)

ဒူ.......ဒူ..........

ရုတ်တရက် မြည်လာသောအသံကြောင့်
ချီရှန်း လန့်သွာပြီး အန်းလုအား
လွှတ်ပေးလိုက်သည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now