"ရှန်းရှန်း...."
အန်းလုက ကျောပိုးအိတ်ကို ပုခုံးတဖက်သာ
လွယ်ထားရင်း အိမ်တံခါးကိုပိတ်ကာ
ချီရှန်းထံပြေးလာသည်။ချီရှန်းက ခြံအပေါက်ဝတွင် သူ့အား
ရပ်စောင့်နေလေ၏။
အန်းလု ဝယ်ပေးထားသော အဝတ်တစ်စုံကို
ခန့်ညားသပ်ရပ်စွာဝတ်ဆင်ထားသည်။ပေါ့ပါးလွတ်လပ်သည့် လူငယ်အသွင်ကို
ဖော်ဆောင်နေသည့်နှယ်။အန်းလုက အနားကပ်လာလိုက်ပြီး
"ရှန်းရှန်း...ဘယ်သွားမလို့လည်း...."
"ကိုယ်...အလုပ်ရှာမလို့....."
"အမ်....ဘာလို့လည်း...တကယ်အလုပ်လုပ်တော့မလို့လား...."
ချီရှန်းက အန်းလု ရင်ဘတ်တွင်
ဆွဲကာထားသော ဆွဲကြိုးလေးအား
ကိုင်ကြည့်လိုက်ရင်း"ကောင်းကောင်းထိန်းသိမ်းနော်...
အန်းလုထက်ဘယ်အရာကမှ အရေးမကြီးပေမဲ့ဒါလေးကိုတော့ အန်းလုကထိန်းသိမ်းရမယ်...
ဟုတ်ပြီလား..."အန်းလုက ချီရှန်းအား
ခေါင်းညိမ့်ပြသည်။"ဟုတ်ကဲ့ပါ....ဗျ...."
ချီရှန်း အန်းလုဆွဲကြိုးလေးအား
ုပြန်လွှတ်ပေးလိုက်ပြီး"ကဲ...ဒါဆို သွားတော့နော်...
လမ်းထိပ်မှာ လွမ့်သောက် လာခေါ်မှာမလားကိုယ်လည်း အလုပ်ရှာဖို့သွားတော့မယ်"
"Ok...ညနေမှတွေ့မယ်..."
အန်းလုက ချီရှန်းအား
နှုတ်ဆက်ရင်း ထွက်သွားလိုက်သည်။ချီရှန်းကမူ အန်းလုအား
ငေးမောကြည့်နေမိသည်။အန်းလုမိခင်က မိုးလင်းသည်နှင့်
အလုပ်သွားရသောကြောင့် အန်းလုနိုးချိန်တွင်
သူမက အလုပ်သွားပြီဖြစ်သည်။
ကျောင်းက ကိုးနာရီတတ်ရလျင်
အန်းလုက ရှစ်နာရီခွဲလောက်တော့နိုးသည်။ယောက်ကျားလေးဖြစ်သောကြောင့်
ပြင်ဆင်စရာရယ်လို့မရှိပေ။
ထို့ကြောင့် အမြဲအေးဆေးမှ အိပ်ယာထလေ့ရှိသည်။...........................................
အန်းလု လွမ့်သောက်၏ကားပေါ်တွင်
တွေးလိုက် ရီလိုက်ဖြင့်
အလုပ်ရှုပ်နေသည်။
YOU ARE READING
Love, but Hurt (We meet again) Season 2( Completed)
Romanceအကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တ...