အပိုင်း ၂၂

11.8K 1.5K 141
                                    

"အန်းလု...နိုးလာပြီလား...
ဟေ့ကောင် တွေ အန်းလုနိုးလာပြီ....."

ကျူးရှီက ထအော်လေသည်။
အန်းလုက သူ၏ မျက်ဝန်းများကို
တဖြည်းဖြည်းချင်း ဖွင့်ဟလာရင်း သူပထမဆုံးမြင်ရသည်က ဆေးရုံအခန်း၏ မျက်နှာကျက်ပင်။

လွမ့်သောက်နှင်တုံ့ဖူတို့က တဖက်ရှိ ဆိုဖာပေါ်တွင်
ထိုင်နေရင်းမှအမြန် ထလာကြသည်။

"အန်းလု....အန်းလု...သတိရပြီလား...
ငါတို့လေ...ငါတို့ ကို သိလား..."

အန်းလုက မျှော်လင့်တကြီးမေးလာသော
လွမ့်သောက်အသံကြောင့်
ထိုသုံးယောက်ကိုကြည့်ရင်း ပါးစပ်ကလေးက
ဟစိဟစိဖြင့်ဖြစ်နေသည်။
မျက်ဝန်းတို့ကလည်း ဖွင့်ချည်ပိတ်ချည်အား
ဖြည်းဖြည်း ချင်းလုပ်လျက်

လေးလံနေသော မျက်ဝန်းတို့က
ထိုသုံးယောက်အပြင် တခြားတယောက်ကိုပါ
ရှာဖွေရင်း မျှော်လင့်နေသေးဟန်။

"စကားပြောလို့အဆင်မပြေရင်
မပြောသေးနဲ့အုန်း လွမ့်သောက်ကြည့်ထားလိုက်
ငါနဲ့ ကျူးရှီနဲ့ ဆရာဝန်သွားခေါ်လိုက်အုန်းမယ်.."

တုံ့ဖူက ပြောပြီးနောက် ကျူးရှီအားခေါ်ကာ
အပြင်ဘက်သို့ထွက်သွားတော့သည်။

လွမ့်သောက်က အန်းလုကိုသာ
ကြည့်နေသည်။ သူ၏ပုံစံက အန်းလုအတွက်
မည်သို့မည်ပုံ ဖြေသိမ့်ပေးရမည်ကို
စိုးရိမ်နေပုံပင်။

...................................

"ပြန်သတိရလာတာ ဝမ်းသာပါတယ်
တဖြည်းဖြည်း အဆင်ပြေလာမှာပါ.....
ဓားဒဏ်ရာက အထဲကိုသိပ်မရောက်လို့သာ
အသက်အန္တာရာယ်နဲ့ ဝေးသွားခဲ့တာ...
ကောင်းကောင်းအနားယူလိုက်ပါအုန်း......"

ဆရာဝန်က အန်းလုအား စစ်ဆေးပေးပြီးနောက်
သူနာပြုမလေးတယောက်နှင့်အတူ
အပြင်သို့ပြန်ထွက်သွားသည်။

အန်းလုက လွမ့်သောက်တို့ဘက်
အနည်းငယ်ခေါင်းကိုစောင်းလိုက်ပြီး

"ရှန်းရှန်းရော........."

သုံးယောက်သား မျက်နှာပျက်ကုန်ကြသည်။
တယောက်မျှ ထိုမေးခွန်းကို
မဖြေချင်ကြပုံပေါ်သည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now