အပိုင်း ၁၄

15.3K 1.7K 119
                                    

Zawgyi

အန်းလုနဲ့ ချီရှန်း တို့ ကော်ဖီဆိုင်မှ ထွက်လာခဲ့ပြီး
အိမ်သို့အတူပြန်လာကြသည်။
အန်းလုက ချီရှန်း၏ လက်မောင်းအား.
သူ၏လက်ကို ချိတ်ထားရင်ခြံဝင်းထဲ
ဝင်လာခဲ့လိုက်သည်။

အန်းလု၏မိခင်က အိမ်ရှေ့တံခါးပေါက်တွင်
ရပ်ကာနေပြီး အန်းလုတို့အား
ကြည့်နေသည်။
အန်းလုက သူမအားမြင်မြင်ချင်း
ချီရှန်း၏လက်မောင်းအား ချိတ်ကာထားသော
သူ၏လက်ကိုပြန်ဖြုတ်ချလိုက်ပြီး

"မေမေ...ဘယ်တုန်းက ပြန်ရောက်နေတာလည်း.."

သူမ၏ အကြည့်တို့က မူမမှန်သည့်ပုံစံမပေါ်သော်လည်း သဘောကျနေသည့်ပုံစံလည်းမဟုတ်ပေ။
ချီရှန်းသည်လည်း အေးအေးလူလူပင် ။
အန်းလုတယောက်သာ သူတို့နှစ်ဦးအား
တလှည့်စီကြည့်လျက်။

သူမက သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက်

"အထဲဝင်လာခဲ့ နှစ်ယောက်လုံး....."

သူမက စကားအချို့ပြောပြီးနောက်
အိမ်ထဲသို့ဝင်သွားခဲ့သည်။
အန်းလုက ချီရှန်းအား ငိုမဲ့မဲ့မျက်နှာဖြင့်
ကြည့်ကာ

"ဘယ်..ဘယ်လိုလုပ်မလည်း....."

ချီရှန်းက အန်းလု၏ လက်နှစ်ဖက်ကို
ဆုပ်ကိုင်လိုက်ကာ

"ဘာဖြစ်လည်း တစ်နေ့သိကိုသိရမှာပဲ
ဒီနေ့ပဲ တစ်ခါတည်းအသိပေးကြတာပေါ့
မကြောက်နဲ့ ကိုယ်ရှိတယ်
မင်းရဲ့အမေ ကိုယ့်ကို ဘာလုပ်လုပ်
ကိုယ်မတုံ့ပြန်ပါဘူး...."

အန်းလု စိတ်သက်သာရာရသွားသည့်နှယ်
ပြုံးလိုက်သည်။

"အင်း......"

..............................

အန်းလုတို့ အိမ်ထဲဝင်လာတော့
သူမက ဆိုဖာပေါ်တွင် လက်ပိုက်ကာ
ထိုင်နေသည်။

အန်းလုတို့က ခုံပေါ်တွင်
မထိုင်သေးပဲ သူမရှေ့တွင်မတ်တပ်ရပ်ကာနေသည်။

သူမက ရှေ့ရှိထိုင်ခုံအား
လက်ညိုးထိုးလျက်

"ထိုင်....မတ်တပ်ရပ်မနေနဲ့....
နှစ်ယောက်လုံး..."

အန်းလုတို့က ဝင်ထိုင်လိုက်ကြသည်။
အန်းလုက အရင်စကားစသည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now