Chapter<1>

1.8K 66 0
                                    

ယုံကြည်ရာ..မောင်(Yizhan)
Chapter<1>

"ရှောင်ကျန့်..နင်..နင်ဘာလုပ်နေတာလဲ..ဟမ်"

"မမ.."

"အခုဆင်းစမ်း..ဆင်း"

"ကျွန်တော်သွားစရာရှိတယ်"

"ဘယ်ကိုလဲ.."

"မောင့်ဆီ"

"မသွားရဘူး..နင့်ကိုမသွားစေချင်လို့တောင်ပါးကအခန်းထဲပိတ်ထားတာလေ.."

မကြီးမငယ်နှင့်ရှောင်ကျန့်တစ်ယောက်ပြတင်းပေါက်တံခါးကနေဆင်းရန်ကြံနေသည်ကိုမမကမြင်သွားခြင်း..

"မသိဘူး..မောင့်ကိုတွေ့ချင်တယ်"

"ဆင်းစမ်းပါဟာ..ငါလည်းအဲ့အကောင်နဲ့သဘောမတူနိုင်ဘူး..တစ်အိမ်လုံးသဘောမကျတဲ့ကိစ္စကိုနင်ဘာလို့တဇွတ်ထိုးလုပ်နေရတာလဲ..ဟမ်"

"မောင့်ကိုချစ်လို့.."

"တော်စမ်းပါ..နင်စိတ်ကစားတာနင်သူ့ကိုတစ်ကယ်မချစ်ပါဘူး"

"ကျွန်တော်တစ်ကယ်ချစ်မချစ်မမကဘယ်လိုသိမလဲ.."

"တောက်ခ်..ငါနော်..ရှောင်ကျန့်..ပါပါးလာရင်နင်အရိုက်ခံနေရမယ်..ဆင်း"

"မဆင်းဘူး..မောင့်ဆီသွားမှာ..နောက်ပြီး..ကျွန်တော့်အသက်20ကျော်ပြီ..စိတ်ကစားတဲ့အရွယ်မဟုတ်ဘူး..မောင့်ကိုတစ်ကယ်ချစ်တာ.."

ဝုန်းး!

"ဟဲ့..ရှောင်ကျန့်.."

အလန့်တကြားဖြစ်သွားရတဲ့လင်းရှောင်တစ်ယောက်မောင်ဖြစ်သူအားငုံ့ကြည့်မိတော့ဖင်ခါကာထွက်သွားသည်။

"ပါပါးပြန်လာရင်တော့ပွဲဆူပြီပေါ့ဟာ"

လွန်ခဲ့သောနှစ်လလောက်ကပင်ရှောင်ကျန့်မှာချစ်သူရှိနေမှန်းတစ်မိသားစုလုံးသိခဲ့ရသည်။ဒီအခြေအနေထိအဆင်ပြေသေးပေမယ့်..မိဘတွေကြားလိုက်ရတဲ့..သားချစ်သူကဈေးသည်ကောင်လေးဆိုသည့်စကားကြောင့်မိဘတွေကိုဒေါသအိုးဆူပွက်​စေခဲ့တယ်။ အဲ့နေ့ကရှောင်ကျန့်နဲ့ဖခင်ဖြစ်သူအချေအတင်ဖြစ်ခဲ့ကြပြီး..နီးရာတုတ်ပြေးဆွဲတက်သည့်ပါပါးကြောင့်ရှောင်ကျန့်မတ်တပ်တောင်မရပ်နိုင်အောင်ကိုဖြစ်သွားတယ်။နောက်တော့အခန်းထဲပိတ်ထားခဲ့ပေမယ့်..နလံထူတာနဲ့တန်းပြီးမောင်နေတဲ့ရှောင်ကျန့်ကနည်းအမျိုးမျိုးဖြင့်အိမ်ကိုလှည့်ကာထွက်သွားတက်သည်။
*****
"ကောင်လေး..ဘာတွေရောင်းလဲ"

ယုံကြည်ရာ..မောင်[Completed]Onde histórias criam vida. Descubra agora