Chapter<26>

214 17 2
                                    

ယုံကြည်ရာ..မောင်
Chapter<26>

"ဟန်ကျိရွှမ်းးးး"

"ဗျာ..ဗျာကိုကို.."

"အခုလာခဲ့...အခုအခန်းထဲလာခဲ့လိုက်"

စောစောစီးစီးဆူညံနေတဲ့လင်းလင်နှစ်ယောက်ကြောင့်အိမ်သားတွေမှာလန့်ဖျန့်ကုန်ကြသည်။တစ်ဖက်ခန်းမှာစီးကရက်ခိုးသောက်နေသည့်ဝန်းလီပင်မျက်မှောင်ကျုံ့လိုက်မိသည်။

"ကိုကို.."

"ဒါဘာလုပ်တာလဲ..ပြော.."

မိန်းကလေးအတွင်းခံတစ်ခုကိုကိုင်ပြီးဒေါကြီးမောကြီးပြောနေတဲ့ရှောင်ရွယ်က ကျိရွှမ်းကိုအာစေးမိစေတယ်။

"ကိုကိုထင်သလိုမဟုတ်ဘူး..ပြီးတော့..ဒါကဒီကိုဘယ်လိုလုပ်ရောက်..."

မိသားစုတွေ့ဆုံပွဲရှိတဲ့အတွက်ကြောင့်နဲ့မ​ေန့ကသူမိဘတွေအိမ်ဆီရောက်လာခြင်းပင်...အလုပ်မအားဘူးဆိုတဲ့ကိုယ်တော်ချောလေးကအတူပါမလာသေးပဲ..ဒီနေ့မနက်မှရောက်လာတယ်..ပါလာတဲ့အိတ်ကိုဖွင့်ကြည့်မိတော့အမျိုးသမီးအတွင်းခံတစ်ထည်ကြောင့်ဘီလူးဆိုင်းတီးရပြန်ပြီ..

"ဘယ်လိုရောက်နေလဲဟုတ်လား..မင်းအိတ်ထဲပါလာတာလေ.."

"ဗျာ...မဖြစ်နိုင်တာ"

"မူယာမာယာများမနေနဲ့ဟန်ကျိရွှမ်း..ငါ့ကိုမှန်မှန်ပြောနော်.."

"အားးးးအ့.."

ဒေါသကြီးသောကိုကိုသည်နားရွက်လေးအားလိမ်ဆွဲပါသောကြောင့်ကျိရွှမ်းမျက်နှာလေးရှုံ့မဲ့သွားရတယ်။

"ဖြေလေ.."

"ဟင့်..ကိုကိုကBabyကိုမယုံဘူးလား"

"မျက်ရည်လာချူမနေနဲ့..ဖြေဆိုဖြေလိုက်"

"Babyမှမသိပဲကို.."

"ဘာ..မသိချင်အုံး.."

"အားးးအ့..မားရေကယ်ပါ..အီးးသူများနားရွက်ကိုဆွဲလိမ်နေတယ်.."

"ငါဒေါသတွေထွက်လာပြီနော်.."

!ဒေါက်..ဒေါက်!

"ဒေါသဖြစ်ရတဲ့ကြားထဲ..ဘယ်သူလဲ"

"ငါပါ..ဝန်းလီ"

"နင်ဝင်ကာအုံးမလို့လား..ပြန်လှည့်လိုက်တော့ဝန်းလီ..ဒီကောင့်ကိုငါဒီနေ့အသေလုပ်သက်ပစ်မယ်"

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now