Chapter<8>

297 18 3
                                    

ယုံကြည်ရာမောင်
Chapter<8>

"ဟော..သားတို့ပြန်လာပြီ"

"ဟီးးမာမား ဘာဟင်းချက်လဲ"

"ဟောတော်..ပြန်ရောက်တာနဲ့ဘာဟင်းချက်လဲကစမေးတယ် "

"မားရယ် သားဗိုက်ဆာလာလို့ပါ နောက်ပြီး ရိပေါ်လည်းဆာနေပြီတဲ့"

"ဟုတ်လား..ဘာစားမလဲသား"

ရှောင်းမာမားရဲ့အမေးကိုရိပေါ်ပြုံးပြလိုက်ရင်းဖြေဖို့ရာရှိသေး..

"အငယ်ကောင်ကို"

"ယောက်ဖ"

"ဟယ်..သားငယ်ကစားစရာမှမဟုတ်တာပဲ"

"ဟားဟား"

ရှောင်ရွှယ်တဟားဟားအော်ရီလိုက်မိတယ်။လန့်ဖျန့်နေတဲ့မိခင်ဖြစ်သူနဲ့ယောက်ဖတော်ကိုကြည့်ရင်းခေါင်းတစ်ခါခါ..

"သားကနောက်တာပါဗျ "

"အော်ကဲ..ဒါနောက်စရာမဟုတ်ဘူး.."

"အင်းပါ ဒါဖြင့်သားမေးတာလေးတော့ဖြေပါအုံး ဘာတွေချက်ထားလဲ"

"ဟင်းတွေကတော့အစုံပဲ..သားရိပေါ်အတွက်မားအများကြီးချက်ထားတာ..စားတော့မလားသား"

"အာ..ဟုတ်ကဲ့ ချစ်ကျန့်ကိုခေါ်ပြီးပြန်လာခဲ့ပါ့မယ်"

"အော်အော်..အင်းပါ ဒါဆိုမားနဲ့မင်းညီကထမင်းဝိုင်းသွားပြင်အုံးမယ်နော်"

"ဟုတ်ကဲ့"

ရိပေါ်ခေါင်းငြိမ့်ပြပြီးတာနဲ့အပေါ်ထပ်ကိုတစ်ချိုးတည်းပြေးတက်သွားလေရဲ့..ကျန်ခဲ့တဲ့ရှောင်ရွယ်ကတော့ဂရုစိုက်မှုတွေလွန်ကဲနေရှာသူရှောင်မာမားကိုဘုကြည့်ကြည့်ရင်းနှုတ်ခမ်းဆူလိုက်တော့သည်။

"အံမယ်..ဒါဘာဖြစ်နေတဲ့ရုပ်လေးလဲ"

"မားနော် ဗိုက်ဆာနေတာကသားပါ သူ့သားမတ်ကိုချည်းဧည့်ဝတ်ကျေနေတယ်.."

"သားကအခုထိမရင့်ကျက်သေးဘူးပဲ.."

"မရဘူးမရဘူး မိသားစုနဲ့ပတ်သက်ရင်သားကအမြဲတမ်းကလေးပဲ"

"ဟင်းဟင်း ဟုတ်ပါပြီကလေးဆိုးလေးရယ် လာလာ မားတို့ထမင်းဝိုင်းသွားပြင်ရအောင်"

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now