Chapter<4>

463 24 0
                                    

ယုံကြည်ရာ..မောင်
Chapter<4>

ရွာဆိုပေမယ့်လျှပ်စစ်မီးတွေရထားပြီးအိမ်တိုင်းအိမ်တိုင်းTVတို့ဘာတို့ရှိနေသည်။သူတို့နှစ်ယောက်မှာတော့တစ် ယောက်ပေါင် ပေါ်တစ်ယောက်ထိုင်ရင်းသာအိမ်ပေါက်ဝမှာရွာကကလေးတစ်သိုက်ဆော့ကစားနေတာကိုထိုင်ကြည့်နေရ၏။

"ပိုးစုန်းကြူးတွေ ချစ်ကျန့်"

"ဟုတ်သား.."

"လှတယ်နော်"

"အင်း..မောင်အဖျားကျသွားပြီလား"

"အေးတော့အေးသွားပြီ..ထမင်းတွေစားထားတော့နည်းနည်းလေးနွေးနေသေးတယ်"

"အင်းအင်း..ဘယ်နှစ်နာရီရှိမလဲ"

"8နာရီလောက်တော့ရှိမယ်ကွ..ဘာလို့လဲ"

"ဘာမှလည်းလုပ်စရာမရှိတော့တာ..အိပ်ကြတော့မလားလို့"

"အာ..ဟုတ်သား..ဒီညကမောင်တို့ရဲ့မင်္ဂလာညလေး..ဟီးးလာလာ"

"မောင်နေမကောင်းဘူးလေ.."

"ကောင်းသွားပြီကို..ချစ်ကျန့်မညစ်နဲ့"

လိုချင်တာအမြန်ရဖို့အရေးအိမ်တံခါးတွေဇွတ်ပိတ်ချနေတဲ့ရိပေါ်ရယ်ပါ..

"မောင်..ဒီဟာကဘယ်လိုလုပ်ရတာလဲ"

"ချစ်ကျန့်အသာနေပါ..မောင်လုပ်ပေးမှာပေါ့"

"အိမ်မှာဆိုမွေ့ယာပဲခင်းထားတာဆိုတော့ဒီလိုဟာတွေမလုပ်ဖူးဘူး"

လင်လင်နှစ်ယောက်အိပ်ယာခင်းဖို့အတွက်အလုပ်ရှုပ်နေကြသည်။သာမန်လူအဖို့အိပ်ယာခင်းတာကမခတ်ပေမယ့်..ရှောင်ကျန့်ကတော့ခတ်နေသယောင်ပင်

"အခင်းကပါးတယ်..ဟော့ဒီ့လိုနှစ်ထပ်ခင်းလိုက်မယ်..နည်းနည်းတော့ကျပ်မှာပေါ့ချစ်ကျန့်ရာ"

"ရတယ်..မအေးတော့ဘူးပေါ့..ဒါဆိုအိပ်လို့ရပြီလား"

"ရပြီ.."

"အင်း"

ရှောင်ကျန့်ချစ်သူမောင်ခင်းပေးတဲ့အိပ်ယာခင်းအပါးလေးပေါ်ဘေးတဇောင်းလေးလှဲအိပ်လိုက်တယ်။ခေါင်းအုံးလေးကလည်းနည်းနည်းမာသယောင်ရှိသည်မို့ရွှေစံအိမ်ပေါ်ကသူ့အဖို့အိပ်ပျော်ဖို့ကဝေးလာဝေး

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now