Chapter<15>

274 19 1
                                    

ယုံကြည်ရာ..မောင်
Chapter<15>

ဒီဗိုက်သေးသေးလေးမှာရင်သွေးလေးရှိနေပြီတဲ့လား..​ကြည်နူးလွန်းလို့ဗိုက်ဖွေးဖွေးလေးကိုသူနမ်းရှုံ့လိုက်ပါသည်။

"အ့..ယားတယ်မောင်ရဲ့"

"ချစ်ကျန့်နိုးလာပြီလား..အိပ်ရေးမဝရင်ဆက်အိပ်နေလေ"

"မောင်ကဒီဗိုက်ကိုပဲကလိနေတော့ဘယ်သူကအိပ်ပျော်ပါ့မလဲ..မအိပ်ချင်တော့ဘူး"

အိပ်ချင်မူတူးပုံလေးနဲ့ရှောင်ကျန့်ကဆွယ်တာအနွေးထည်နက်ပြာရောင်လေးနဲ့အသည်းယားဖို့ကောင်းလွန်းတယ်...

"ရွှတ်.."

"အင့်..မောင်ဘာတွေဖြစ်နေလဲ"

ကြည့်ပါအုံး..သူ့ပါးကိုနမ်းလို့တဲ့..ရန်တွေ့နေတာကအစအူယားဖို့အကောင်းသား..

"မောင်ချစ်ကျန့်ကိုသိပ်ချစ်ရတာ ချစ်ကျန့်သိလား"

"သိတယ်လေ..သိလို့လည်းမောင့်နားမှာရှိနေချင်တာကို.."

"ဟက်..အခုမောင်တို့နှစ်ယောက်ဘဝထဲကိုသားသားလေးလားမီးမီးလေးလားမသိတဲ့ပေါက်စလေးကဝင်လာတော့မယ်..မောင်ဒီ့ထက်ပိုပြီးကြိုးစားရတော့မယ်ထင်တယ်"

သူပြောတော့ရှောင်ကျန့်ကပြုံးတယ်။နားဖျားလေးတွေရဲနေပြီးဘာကိုရှက်လို့ရှက်နေမှန်းလည်းမသိပါ..

"ချစ်ကျန့်.."

"ဟင်"

"ဘာကရှက်ဖို့ကောင်းနေလို့ နားတွေရဲနေတာလဲ"

"အွန်း..ငါ့ဝမ်းထဲကနေမောင့်ရင်သွေးလေးကိုအနာခံပြီးမွေးပေးရတော့မှာဆိုတော့ ရှက်..ရှက်ဖို့များကောင်းနေသလားလို့.."

"ချစ်ကျန့်ကမမွေးချင်ဘူးလား"

"အဲ့လိုမဟုတ်ပါဘူး..ငါ..ငါက..ကြည်နူးသလိုလိုကြီးခံစားနေရတာ.."

"ချစ်ကျန့်မလိုချင်ပြောနော် မောင်လွှဲယူပြီးမွေးလိုက်မယ်"

"မောင်...မဟုတ်တာတွေပြောပြန်ပြီ.."

"ဟဲဟဲ.."

"ဒါနဲ့မောင်"

"အင်း"

"မားနဲ့မမကိုရှောင်ရွယ်လှမ်းပြောထားတယ်ဆို"

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now