Chapter<2>

492 42 0
                                    

ယုံကြည်ရာ..မောင်
Chapter<2>

အခုသူတို့ရောက်နေတာကားဂိတ်တစ်နေရာမှာ..ရှောင်ကျန့်ကတော့အေးအေးဆေးဆေးလက်မှတ်ဝယ်နေတယ်။ရိပေါ်တစ်ယောက်ကတော့တောင်ကြည့်မြောက်ကြည့်နှင့်တောသားမြို့ရောက်သလိုဖြစ်နေခဲ့သည်။

"ရပြီမောင်..ကားပေါ်သွားရအောင်"

"လက်မှတ်တွေဈေးကြီးလားချစ်ကျန့်.."

"အဲ့တာတွေအရေးကြီးလို့လား"

"ဟီးးမကြီးပါဘူး.."

"ဒါဆိုကားပေါ်တက်တော့.."

"ကောင်းပါပြီဗျ"

သူတို့သွားမဲ့ရွာလေးကလူနေအိမ်ခြေနည်းပြီးမုဆိုးရွာလေးသာသာပါ။သူငါ်ချင်းတစ်ယောက်အဆက်အသွယ်နှင့်သွားရမည်မို့ယုံကြည်မှုတော့အပြည့်ရှိပါရဲ့..ကားပေါ်တက်ထိုင်လိုက်ရင်ပဲ..လူအများစုကနှစ်ယောက်လုံးကိုပြူးကြည့်နေရှာသည်။

"မောင်အရမ်းချောနေလို့လား"

"ဒါပေါ့..ငါ့ရဲ့မောင်ကသိပ်ချောတာ"

"ဟဲဟဲ..ချစ်ကျန့်ကပိုချောတာ..ကြည့်ပါအုံးချစ်ကျန့်လက်လေးတွေကနုဖက်နေရော.."

"နုဖက်နေလည်းရက်နည်းနည်းကြာရင်..ကြမ်းတမ်းလာတော့မှာ"

"ဘာ.."

"အလုပ်လုပ်ရမယ်လေမောင်..စီးပွားရေးအတွက်လေ"

"ဟာ..ချစ်ကျန့်ကလည်း..မောင်ရှိနေတာကို..မောင်ရရာအလုပ်ပြေးလုပ်ပြီးချစ်ကျန့်စိတ်ချမ်းသာအောင်ထားနိုင်ပါတယ်"

*ဆူပုတ်သွားတဲ့မောင့်မျက်နှာဖောင်းဖောင်းကြီးကိုကျွန်တော်အနမ်းတစ်ပွင့်ခြွေလိုက်မမတယ်..အနားမှာလူတွေရှိနေလည်းဂရုမစိုက်နိုင်ပါဘူး..ရှောင်ကျန့်ဆိုတာမောင်နဲ့တွေ့မှလူသားဆန်လာတာမျိုးမို့*

"မောင်တစ်ယောက်တည်းအလုပ်လုပ်ရင်အဆင်ပြေမယ်..ငါပါထပ်ပြီးအလုပ်လုပ်မယ်ဆိုရင်ပိုပြီးအဆင်ပြေသွားမှာလေ..မဟုတ်ဘူးလားမောင်"

"မရပါဘူး..ကိုယ်မြတ်နိုးရတဲ့ချစ်ကျန့်လက်လေးတွေကိုကြမ်းတမ်းမှာကိုယ်စိုးတယ်..ပြီးတော့..ချစ်ကျန့်ကအလုပ်လည်းမလုပ်ဖူးပဲ..ပင်ပန်းတဲ့ဒက်မခံနိုင်ပါဘူး..မလုပ်ရဘူး"

ယုံကြည်ရာ..မောင်[Completed]Hikayelerin yaşadığı yer. Şimdi keşfedin