Chapter<12>

272 19 7
                                    

ယုံကြည်ရာ..မောင်
Chapter<12>

"မင်းစိတ်မဆိုးဘူးဆိုရင်ငါမေးကြည့်လို့ရမလား"

"ဘာကိုလဲ"

"အခုဖြစ်သွားတဲ့ကိစ္စတွေလေ..ဘာကဘာလဲငါနားမလည်လို့"

"ရပါတယ် ပြောပြရတာဘာမှမခတ်ခဲပါဘူး မင်းသိချင်ရင်ငါအကုန်ပြောပြမှာပါ"

"တစ်ကယ်နော်..ဒါဆိုပြော"

"အင်း...ချစ်ကျန့်ဆိုတာကငါ့ရဲ့တစ်ဦးတည်းသောချစ်ရတဲ့ယောက်ျားတစ်ယောက်ပဲ..ခုနကမိသားစုကချစ်ကျန့်ရဲ့မိသားစုတွေ ချစ်ကျန့်ပါး ချစ်ကျန့်မား နောက်ပြီးမမလင်းရှောင်နဲ့ ယောက်ဖရှောင်ရွယ်"

ရိပေါ်ကဂရုတစိုက်ရှင်းပြလို့နေတယ်။မျက်နှာကတော့ပျက်ယွင်းနေဆဲ..ဒီ့အပြင်လက်တစ်ဖက်မှာလည်းကတ်​ကြေးဒဏ်ရာကြောင့်ပတ်တီးဖွေးဖွေးကြီးကနေရာယူထားလေသည်။

"ငါနဲ့ချစ်ကျန့်ကိုသူ့မိဘတွေကသဘောမတူဘူးကွာ ဒါ့ကြောင့်ငါတို့ခိုးပြေးခဲ့ကြတာ...မကြာဘူးငါ့ယောက္ခထီးကြီးကိုယ်တိုင်လာပြန်ခေါ်တော့ငါလည်းအားရဝမ်းသာနဲ့ပြန်လိုက်ခဲ့မိတာ..ဒီလိုတွေဖြစ်လာမယ်မှန်းသာသိရင်ငါပြန်မလိုက်ခဲ့ပါဘူး"

ကျိရွှမ်းအခုမှခေါင်းတငြိမ့်ငြိမ့်နဲ့သဘောပေါက်သွားသလိုပါပဲ..

"ငါပေါက်ပြီ မင်းကိုအဲ့ဒီ့လူကြီးကမောင်းထုတ်တယ်..ပြီးတော့သူ့သားကိုနောက်ယောက်ျားယူခိုင်းနေတယ်ပေါ့ "

"အင်း"

"မကောင်းဘူး..လုံးဝမကောင်းဘူး.."

"ဟုတ်တယ် လုံးဝမကောင်းတော့ဘူး ဒီလိုသာဆက်သွားရင်ချစ်ကျန့်သူ့ကိုယ်သူတစ်ခုခုလုပ်မှာ "

" သူကမင်းကိုအဲ့လောက်ထိ..."

"ငါတို့နှစ်ယောက်ကမင်းတို့ထင်တာထက်တောင်ပိုပြီးချစ်တက်ကြတယ်"

ရိပေါ့်အပြောကြောင့်ကျိရွှမ်းသက်ပျင်းချလိုက်ပြီးကားကိုသာဆက်မောင်းနေလိုက်တယ်။

"ကျိရွှမ်းရပ်လိုက်"

"ဘာလဲ"

"ဟိုမှာ ငါ့ယောက်ဖ"

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now