Chapter<17>

220 18 2
                                    

ယုံကြည်ရာ..မောင်
Chapter<17>

"မားရေ..မားရေ...သီတင်းကောင်းပါလာတယ်"

"သမီး ဘာဖြစ်လာတာတုန်း..နင့်ပါးအိပ်နေတယ်"

"ဟီး..ဝမ်းသာလွန်းလို့ပါမားရယ်"

"ကဲပြော ဘာတွေများဝမ်းသာစရာရှိလို့လဲ"

"အဟမ်း...မာမားသားအငယ်ကောင်ရဲ့ဗိုက်ထဲမှာလေ တစ်ယောက်တည်းမဟုတ်ဘူး "

"အယ် အမွှာပူးဖြစ်နေလို့လားသမီး"

သူမခေါင်းကိုတဆက်ဆက်ငြိမ့်ပြလိုက်တာနဲ့ရှောင်မားမျက်နှာကပြုံးရွှင်သွားတယ်။

"မားပျော်တယ်မလားဟင် သမီးလည်းပြောတယ်"

"ဒေါက်တာကအတည်ပြုပေးလိုက်တာလား"

"ဟုတ်မား..မယုံလို့သေချာမေးလာခဲ့တာ..တစ်ကယ်တဲ့..ဒါ​ပေမယ့်လေ"

"အေး..ပြောစမ်း"

ရုတ်ချည်းဆိုသလိုပျက်ယွင်းသွားတဲ့သူ့မျက်နှာကြောင့်မိခင်ဖြစ်သူကစိုးရိမ်သွားပုံပါပဲ..

"အဲ့ကလေးလေးတွေကိုမွေးရင်အငယ်ကောင်ကအသက်နဲ့ရင်းရမယ့်အဖြစ်မျိုးရှိလာနိုင်တယ်တဲ့မား..အဲ့ဒါတစ်ခုတော့စိတ်ပူရတယ်တဲ့"

"ဟောတော်..ဝမ်းသာလို့မဆုံးသေးဘူး.."

"သမီးလည်းအဲ့လိုပဲဘူပိတ်ခဲ့ရတာမား..ဘယ်လိုလုပ်ကြမလဲဟင် "

"သားငယ်ရဲ့အသက်နဲ့ဆိုင်နေတာမှန်မယ်ဆိုရင်တော့..မမွေးစေချင်ဘူး.."

"မား.."

"မိခင်တစ်ယောက်ရဲ့အတ္တကအားလုံးထက်ကြီးတယ်သမီး..သားငယ်ဒုက္ခဖြစ်မယ့်အရာကိုမားကသိသိရက်နဲ့မလွှတ်ထားချင်ဘူး"

လင်းရှောင်ကခေါင်းတစ်ငြိမ့်ငြိမ့်နှင့်နားထောင်နေဆဲ..

"သမီးနဲ့အလတ်ကောင်လေးကိုမွေးရတာထက်သားငယ်ကိုမွေးရတာကမားအတွက်ပိုခက်ခဲခဲ့တယ်..ကံသာပါမလာခဲ့ရင်မိခင်ရောကလေးပါပစ်ရမှာ.."

"ဒါဆိုမားကတစ်ကယ်ပဲအငယ်ကောင်ရဲ့ရင်သွေးလေးတွေကို..."

"ဟင်းးးးး မတက်နိုင်ဘူးသမီး.."

"ရိပေါ်ကရောလက်ခံပါ့မလား"

"သူလည်းမားနဲ့ဆုံးဖြတ်ပုံချင်းတူမယ်ထင်တာပါပဲ"

ယုံကြည်ရာ..မောင်[Completed]Where stories live. Discover now