ယုံကြည်ရာမောင်
Chapter<3>နေ့လည်3နာရီလောက်မှာရှောင်ကျန့်တစ်ဖြတ်နိုးလာသည်။ဘေးကရိပေါ်ကိုကြည့်တော့သူ့ကိုဖက်ထားရင်းအိပ်ငိုက်နေတယ်။
"မောင်"
"ဟင်..အင်း..ချစ်ကျန့်ရောက်ပြီလား"
"ရောက်တော့မှာ..ဟိုမှာမြင်နေရတယ်ကြည့်"
ဟုတ်ပါသည်။သစ်ပင်သစ်တောတွေနဲ့စိမ်းစိုအုံ့မှိုင်းနေတဲ့ထိုနေရာလေးကားသူတို့နှစ်ယောက်ကိုစီးကြိုနေပေ၏။
!ခရီးသည်တို့ရှေ့နားလောက်ဆိုရောက်ပြီနော်..!
"ချစ်ကျန့်..မောင်ဖျားချင်နေသလားလို့"
"ဟုတ်လား.."
မီးခဲသဖွယ်ပူခြစ်တောက်နေသည့်အသားတွေ..ရှောင်ကျန့်လန့်ဖျန့်သွားပြီးမှဆေးတွေပါလာတာသတိရသွားပြီးတိုက်ဖို့ပြင်တယ်။
"ဟိုကဝယ်လာတဲ့မုန့်တစ်ထုပ်ရှိတယ်မောင်..မုန့်အရင်စား..ပြီးရင်ဆေးသောက်နော်"
"အွန်း.."
မကြာမှီမှာပဲကားကဂိတ်ဆုံးသွားပြီဖြစ်သည်။ရှောင်ကျန့်နဲ့ရိပေါ်နှစ်ယောက်သားတစ်ယောက်လက်တစ်ယောက်တွဲပြီးခရီးဆောင်အိတ်လေးစွဲကာဆင်းလာတော့ရွာဈေးလမ်းမကြီးကိုအရင်တွေ့လိုက်ရတယ်။
"လေအေးတွေတိုက်နေတယ်မောင်.."
"အင်း..အာ့ကြောင့်ချမ်းနေတာ"
"ခဏပဲစောင့်နော်"
ကားရပ်တဲ့နေရာနဲ့ရွာဈေးနဲ့ကကွက်တိဖြစ်နေလေတော့သူတို့အဖို့သူငယ်ချင်းလာအကြိုကိုသာစောင့်တာကောင်းပေလိမ့်မည်။
"ရှောင်ကျန့်လား.."
"ရွှမ်းမေ.."
"ဟီဟီးးးအခုမှပြန်တွေ့ရတာ.."
တွေ့တွေ့ချင်းအားရဝမ်းသာနဲ့သူမကပြေးဖတ်တယ်..ဘေးကကိုအူပုတ်ကတော့ရှောင်ကျန့်ပတ်ပေးထားတဲ့မာဖလာနဲ့အတူဆူပုတ်နေတဲ့မျက်နှာကချစ်ဖို့ကောင်းနေသည်။
"တော်တော့.."
"နင်ကလည်းကျောင်းပိတ်ထဲကမတွေ့ရတာကို.."
YOU ARE READING
ယုံကြည်ရာ..မောင်[Completed]
Fanfictionအချုပ်အနှောင်တွေကြားအေးစက်စက်ပဲပြုမူနေထိုင်တက်တဲ့ရှောင်ကျန့်ကသူ့ချစ်သူရိပေါ်ကိုအမြဲပြောတဲ့စကားလေးရှိတယ်။ "ဘယ်သူတွေဘာပြောပြောငါမင်းကိုယုံတယ်မောင်"